အခန်း(၈)

156 29 9
                                    

အခန်း(၈)

မေးခွန်းထုတ်ခြင်း။




Long Feiye မှာ သူမကို လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးများမှာ အေးစက်စက်နှင့် ရယ်မောနေသည်။

"မင်းက ဒေါက်တာ ဟန်ယွင်ရှီး ဟုတ်လား။"

Long Feiye ၏ နှိမ့်ပါးသော လေသံမှာ Han  Yunxi ကို အလွန် စိတ်မသက်မသာ ဖြစ်စေတော့သည်။ သူမ၏ နှလုံးသားတွင်းမှ ရှက်ရွံ့မှုကို လျစ်လျူရှုကာ ခေါင်းမော့၍ နှိမ့်ချ ခြင်း ထောင်လွှားခြင်း မရှိပဲ သဘောထားကြီးစွာ သူ့ကို ကြည့်လိုက်လေသည်။

"ဟုတ်တယ်။ ကျွန်မ Han  Yunxi ဘဲ။ မစ္စတာလုံ၊ ရှင့်ရဲ့အဆိပ်က လုံးဝပျောက်ကင်းသွားပြီလို့ ဆေးရုံက အချိန်မရွေး ဆင်းနိုင်ပြီ။"

မူလတွင် သူ၏ သွေးခုန်နှုန်းကို စစ်ဆေးချင်ခဲ့သည့်တိုင် ယခုတော့ သူ၏ အခြေအနေဖြင့်ဆိုလျှင် မလိုအပ်တော့ပေ။ ဒီကောင်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက အရမ်း ကောင်းမွန်ပြီး မြန်မြန်နိုးလာနိုင်သေးတယ်!

"ဒေါက်တာဟန်မှာ လူနာကို ရောဂါအခြေအနေနဲ့ ကုသမှုအသေးစိတ်ကို ရှင်းပြဖို့ တာဝန်ရှိတယ်မဟုတ်လား။" Long Feiye မှ မေးလိုက်သည်။

အသေအချာပင် Han  Yunxi  ထံ ထိုကဲ့သိုတာဝန်ဝတ္တရား ရှိနေသဖြင့် ပြင်ဆင်ထားသည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးလိုက်သည်။

အကယ်၍ ခွဲစိတ်ကုတင်ပေါ်တွင် မတော်တဆမှု မရှိခဲ့ပါက ၎င်းအား သူမ တည်တည်ငြိမ်ငြိမ် အသေးစိတ် ရှင်းပြနိုင်လိမ့်မည်။ သို့ရာတွင် မတော်တဆမှုဖြစ်ပြီးနောက်တွင်တော့ သူမ အမှန်တကယ်ပင်  ထိုအမျိုးသားဖြင့် မျက်နှာချင်းဆိုင် စကားပြောရန် မဖြစ်နိုင်ပေ။

သူမက အလွန်ကျွမ်းကျင်သော ဆရာဝန်တစ်ဦးဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမ၏ အင်္ကျီဖြူကို ချွတ်လိုက်ချိန်တွင် ရှက်ရွံ့တတ်သော မိန်းကလေးတစ်ယောက်ပင် ဖြစ်လေသည်။

"မစ္စတာလုံ၊ ရှင့်ရဲ့အခြေအနေတွေကို ကျွန်မ ဒီမှာ အသေးစိတ်ရေးထားပေးပြီးပြီ။" Han  Yunxi  မှာ လေးနက်စွာပြောလိုက်သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now