အခန်း(၄၀)

104 19 4
                                    

အခန်း(၄၀)

အိမ်တံခါးအထိ ပို့ပေးလာသည့် စားစရာ။




Han  Yunxi  မှာ အမှာစာရွက်ကို ကြည့်ပြီး အလွန်သိချင်စိတ် ပြင်းပြသွားတော့သည်။

တစ်စုံတစ်ယောက်မှာ သူမ၏လျှို့ဝှက်မုန့်များအားလုံးကို တစ်ပြိုင်နက်တည်းမှာကြားခဲ့ပြီး ၎င်းတို့ကို ပို့ပေးစေချင်နေသည်။ မှာယူထားသည့်ရက်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်ကဖြစ်ပြီး မှာယူသူမှာ Mr. Tang ဖြစ်ပြီး ပေးပို့ရမည့်လိပ်စာမှာ ချင်းယွမ် ဖြစ်သည်။

Han Yunxi မှာ အလုပ်သို့ မရောက်သေးသော စားပွဲထိုးအား အလျင်အမြန်ဖုန်းဆက်ကာ ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းပြီးနောက် သူမ ဤအမှာစာကို မေ့သွားကြောင်း သေချာသွားခဲ့သည်။ ကံကောင်းထောက်မစွာ၊ ဝယ်ယူသူမှာ တိကျသော ပေးပို့ချိန်ကို မသတ်မှတ်ထားခဲ့ပေ။

သူမ ဖောက်သည်အား လျင်မြန်စွာ ခေါ်လိုက်သည်။ "မင်္ဂလာပါ မစ္စတာ ထန်။"

ထိုအချိန်တွင် Tang Li မှာ အင်တာနက်ကဖေးတွင် ဂိမ်းကစား နေသည်။ သူက မသိသော နံပါတ်တစ်ခုကို မြင်လိုက်ရပြီး ၎င်းမှာ ဒေသဆိုင်ရာ ကြိုးဖုန်းနံပါတ်ဖြစ်နေသည်။ သူက ဖြေဆိုရန် အလွန်ချီတုံချတုံ ဖြစ်နေတော့သည်။ အိမ်ထောင်ရေးမှ ထွက်ပြေးလာသူ တစ်ယောက်အနေဖြင့် မသိသော ဖုန်းခေါ်ဆိုမှုမှာ ကြောက်စရာပင်။

ထပ်ခါတလဲလဲ တုံ့ဆိုင်းနေပြီးနောက် သူက ဖုန်းကို အသံ ပိတ်လိုက်ပြီး ဂိမ်းကို ဆက်ဆော့နေလိုက်သည်။
Han Yunxi မှာ ဖုန်းခေါ်မရ သောကြောင့် ထပ်မံခေါ်လိုက်သော်လည်းလည်း ဘယ်သူမှ ပြန်မဖြေသဖြင့် သူမ၏ မိုဘိုင်းလ်ဖုန်းမှ စာတိုတစ်စောင် ပေးပို့လိုက်သည်။ "မင်္ဂလာပါ Mr. Tang။ ဒါ ယွင်ရှန်း ကော်ဖီဆိုင် ပါ။ ရှင်မှာယူထားတဲ့ မုန့် ဆယ့်ခုနစ်ခုကို ဒီနေ့ ပို့ပေးနိုင်ပါပြီ။ ရှင့်အတွက် ဘယ်အချိန် အဆင်ပြေမလဲ။ မူရင်းလိပ်စာ- ချင်းယွမ်၊ အဆောက်အအုံ ၁၀၊ ၄၅ ထပ် ကို ပို့ပေးရမလား။"

Tang Li မှာ အဖွဲ့ ဖွဲ့ကာ မွန်းစတားများဖြင့် တိုက်ခိုက်ရန် အလွန် စိတ်လှုပ်ရှားနေသဖြင့် စာသားမက်ဆေ့ခ်ျကို သတိမထားမိလိုက်ပေ။ Han  Yunxi မှာ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း အကြောင်းပြန်မလာသောကြောင့် ကိစ္စကို ဘေးဖယ်ထားလိုက်လေသည်။ Tang Li မှာ ညဘက် တိုက်ခန်းသို့ ပြန်ရောက်သည့်အချိန်မှ စာသားမက်ဆေ့ခ်ျကို မြင်လိုက်ရလေသည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now