အခန်း(၅၄)

92 17 0
                                    

အခန်း(၅၄)

စောင့်ဆိုင်းနေခြင်း။





ညသန်းခေါင်တွင် Han  Yunxi  မှာ အိပ်မပျော်နိုင်ပေ။ သူမ ဖုန်းကို ကုတင်ပေါ်ပစ်ချလိုက်ပြီး ဝေ့ပေါ် မှ ဗီဒီယိုနှင့် မှတ်ချက်များကို မကြည့်ပဲ စောင်ခြုံကာ လသာဆောင်တွင် ထိုင်နေလိုက်သည်။ ဤသည်မှာ သူမ၏ သတိရှိနေသည့် နောက်ဆုံး အခိုက်အတန့် ဖြစ်နိုင်သည်။ သူမ ၎င်းတို့ကိုမြင်လိုက်သည်နှင့် ဆင်ခြင်တုံတရားမဲ့လာမည်မှာ သေချာသည်။ သူမ ထိုင်နေသော်လည်း အောက်ထပ်မှ ကားမီးရောင်များကို အမှတ်မထင်တွေ့လိုက်လေသည်။

တစ်နာရီကျော်သွားပြီ။ Long Feiye မှ မသွားသေးတာ ဖြစ်နိုင်ပါ့မလား။

သူမ ငုံ့ကြည့်လိုက်ပြီး သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်သည်။

ထိုကဲ့သို့ မှောင်မိုက်သောညတွင် သူ၏ ကားရှေ့မီးများကို မပိတ်ထားသဖြင့် အလွန် ထင်းလင်းစွာ မြင်နေရသည်။ သူက ကားကို မှီလျက် အရပ်ရှည်ကာ သွယ်လျသော အသွင်အပြင်မှာ အလွန်ထင်ရှားလှသည်။

သူမ သူက ဖုန်းပြောနေသည်ကိုတောင် မြင်နေရသည်။

ဒီကောင် မသွားသေးဘူးလား။

သူဘာလုပ်နေတာလဲ။ ဘယ်သူ့ကိုခေါ်နေတာလဲ။

ရုတ်တရက်၊ Long Feiye မှာ ခေါင်းမော့လိုက်လျှင် Han Yunxi မှာ အလွန် ထိတ်လန့်သွားပြီး ခေါင်းကို အလျင်အမြန် နောက်ပြန်ဆုတ်ပြီး အခန်းထဲရှိ မီးများကို ပိတ်လိုက်သည်။ သို့သော် မီးပိတ်ပြီးသည်နှင့် သူမ နောင်တရသွားတော့သည်။ ဤသို့ မှောင်မိုက်သောညတွင် သူက ခေါင်းမော့လိုက်သည်နှင့်တစ်ပြိုင်နက် သူမ မီးပိတ်လိုက်သည်။ သူ့ကဲ့သို့ လိမ္မာပါးနပ်သည့် လူတစ်ယောက်အနေဖြင့် ၎င်းကို ချက်ချင်း သတိပြုမိသွားလိမ့်မည်။

Han Yunxi မှာ လသာဆောင်တွင် မနေဝံ့တော့သောကြောင့် စာကြည့်ခန်းသို့ ပြေးသွားလိုက်သည်။ စာကြည့်ခန်းထဲတွင် ပြတင်းပေါက်တစ်ခုရှိပြီး သူ၏ အနေအထားကို မှန်မှန်ကန်ကန် မြင်နိုင်လေသည်။ သူမ မီးမဖွင့်ဝံ့တော့ပဲ ပြတင်းပေါက်နားတွင် ရပ်ပြီး ချောင်းကြည့်လိုက်သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now