အခန်း(၃၂)

113 23 8
                                    

အခန်း(၃၂)

ဘလော့လိုက်ခြင်း။







Long Feiye မှာ သူမကို ကြည့်နေမှန်း သိသော်လည်း Han Yunxi မှာ လျစ်လျူရှုထားလေသည်။ ဤအချိန်မှ သီချင်းပြောင်းခြင်းမှာ ပိုရှက်စရာ မဟုတ်ပေလား။

သူမ စတီယာရင်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားရုံသာ တတ်နိုင်သည်။ ရှေ့ကိုမျှော်ကြည့်ကာ တည်ငြိမ်နေဟန်ဆောင်၍ သီချင်းသည် ကြုံရာကျပန်းဖြစ်ပြီး ပုံမှန်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်လေသည်။

Han Yunxi မှာ မည်သည့်ကိစ္စမှ မရှိသကဲ့သို့ ပြုမူနေလျှင် Long Feiye မှာ မည်သည့်စကားမှပြန်မပြောပဲ ဖုန်းကို ဖယ်လိုက်ပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။

"Single Love Song" မှာ လေးမိနစ်ခန့်သာ ကြာသောကြောင့် Han  Yunxi မှာ အလွန်မြန်ဆန်သည်ဟု ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်သည်။

"Single Love Song" ၏ နောက်တွင်တော့ "I Hug You", "Am I  the  One  You Love  The Most”၊ "My Heart Wants You to  Hear  "၊ "Love  is Just One Word"၊ "Baby I'm Sorry”၊ "I love you so that I express it can't"... သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် လုံးဝ မရပ်ပဲ လာနေမည်ဟု ဘယ်သူသိနိုင်မည်လဲ!

Han Yunxi မှာ စတီယာရင်ကို တိုက်မိမည်ကို စိုးရိမ်သော်လည်း  ဂရုမစိုက်ဟန်ဆောင်ကာ ပြင်းထန်စွာ မောင်းနှင်နေလိုက်သည်။ ၂၅ မိနစ်ခရီးမှာ ရာစုနှစ်တစ်ခုကဲ့သို့ ခံစားရစေသည်။

Long Feiye ၏အိမ်တံခါးသို့ရောက်ပြီးနောက် Han  Yunxi မှာ သီချင်းကို မပိတ်ဘဲ ရိုးရိုးမီးပိတ်ကာ ပါဝါကိုပိတ်လိုက်သည်။ သူမ လမ်းဘေးရှိ ခိုးကူးခွေများကို ဘယ်တော့မှ မဝယ်တော့ရန် တိတ်တဆိတ် ကတိပြုလိုက်လေသည်။

Han  Yunxi မှာ ကိုယ့်ကိုကိုယ် ဟန်ကိုယ်ဖို့နေသော်လည်း အင်ဂျင်ကို အလျင်အမြန်ပိတ်လိုက်သောကြောင့် Long Feiye မှာ မရယ်ပဲ မနေနိုင်ပေ။ သူက ခေါင်းကို ငုံ့ကာ ရှားရှားပါးပါး ပြုံးလိုက်လေသည်။ "ဒီသီချင်းတွေက နည်းနည်းတော့ဟောင်းနေပြီ။"

"မဟောင်းဘူး၊ အဲဒါ ဂန္တဝင်ပဲ။" Han  Yunxi မှာ တည်ငြိမ်စွာ ပြန်ပြုံးပြပြီး ကားပေါ်မှ ဆင်းရန် သူ့ကို တိုက်တွန်းလိုက်သည်။ "မစ္စတာလုံ၊ မြန်မြန် ကျေးဇူးပြုပြီး ကျွန်မ ရှင့်ကို စောင့်နေမယ်။"

မြင်မြင်ချင်း အချစ်Where stories live. Discover now