အခန်း(၃၆)

116 21 4
                                    

အခန်း(၃၆)

မုန်ညှင်းက အဆိပ်ပြင်းတယ်။





Gu Beiyue မှာ Long Feiye ၏ မီနူးကို အချိုပွဲအခန်းသို့ လှန်ထားသည်ကို တွေ့ရတော့ အံ့အားသင့်သွားသည်။ Long Feiye မှာ ချိုမြိန်သောအရာများကို မကြိုက်ကြောင်း လူများစွာ သိကြသည်။

Long Feiye မှာ စာမျက်နှာနှစ်မျက်နှာကိုလှန်ကြည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ဒါတွေအားလုံးက လတ်လတ်ဆတ်ဆတ်လုပ်ထားတာလား။"

Huan Lan မှာ Long  Feiye ၏မျက်လုံးများကို လုံးဝမကြည့်ဝံ့ပဲ စကားပြောသောအခါတွင်ပင် သူမ၏လျှာမှာ ကပ်နေလေသည်။ "ဟုတ်ပါတယ်၊ သူတို့က လတ်လတ်ဆတ်ဆတ်လုပ်ထားတာပါ။ ကျွန်မတို့.. ကျွန်မတို့ဆိုင်က အချိုပွဲတွေအကုန်လုံးက လတ်လတ်ဆတ်ဆတ် လုပ်ထားတာပါ။ လုံးဝ လုံးဝ လတ်ဆတ်ဖို့ အာမခံပါတယ်။"

Long Feiye မှာ ဘာလိုချင်လဲ ဆိုတာကို မပြောပဲ ခေါင်းညိတ်ပြပြီး စာမျက်နှာများကို ဆက်လှန်လိုက်သည်။ သူက မကြာမီ နောက်ဆုံးစာမျက်နှာသို့ ရောက်သွားတော့သည်။ နောက်ဆုံးစာမျက်နှာတွင် ပုံများမရှိသော်လည်း ထူးဆန်းသောအမည်များကိုသာ တွေ့လိုက်ရ လေသည်။

ဥပမာအားဖြင့်၊ ကြယ်နှလုံးသား၏ ကတိ၊ ခရမ်းရောင် မတော်တဆ၊ ပျားရည်ဒဏ္ဍာရီ၊ မုန်ညှင်းကအဆိပ်ရှိတယ် စသဖြင့်ပင်...

Long Feiye မှာ စကားပြောခါနီးတွင် Gu Beiyue မှာ ရုတ်တရက် ရယ်မောလိုက်သည်။ "ဒီနာမည်တွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ဘယ်လိုအချိုပွဲမှာ မုန်ညင်းက အဆိပ်ရှိမှာလဲ။"

Huan Lan မှာ Gu Beiyue ၏ အပြုံးကို ကြည့်လိုက်ပြီး နွေဦးလေပြေလေးကဲ့သို့ ခံစားလိုက်ရကာ မသိစိတ်က အများအပြား ဖြေလျှော့သွားတော့သည်။ စားပွဲထိုးမှာ နောက်ဆုံးစာမျက်နှာရှိ မီနူးများမှ လျှို့ဝှက်ချက်ကို အသေးစိတ် ရှင်းပြလိုက်လေသည်။ Gu Beiyue မှာ  ခေါင်းတဆတ်ဆတ်ညိတ်ပြပြီး အလွန် သဘောကျနေသည်။ Long Feiye မှာလည်း အလွန်စိတ်ဝင်စားနေသည်။

"ဒါဆို ကျွန်တော်က မုန်ညှင်းကအဆိပ်ရှိတယ် တစ်ပွဲ..”

Gu Beiyue မှာ ပြုံးပြီး Long Feiye ကို ကြည့်ပြီး "မင်းလည်း ကစားချင်လား။"

မြင်မြင်ချင်း အချစ်Dove le storie prendono vita. Scoprilo ora