အခန်း(၁၆)

138 25 2
                                    

အခန်း(၁၆)

တိုက်မိခြင်း။





Long Feiye မှာ မတ်မတ်ရပ်နေပြီး အမူအရာမှာ အေးစက်နေပြီး မထူးခြားပေ။ Gu Beiyue မှာ တံခါးပိတ်ရန် ခလုတ်ကို အလျင်အမြန်နှိပ်လိုက်ပြီး ခေါင်းလှည့်ကာ Gu Qishao ကို ကြည့်လိုက်သည်။

ဆေးရုံအဝတ်အစားနှင့် ဖိနပ်ပါးဝတ်ထားသော ထိုအမျိုးသားမှာ လက်တွင် အပ်တစ်ချောင်းစိုက်ထားတာ ပတ်တီးစည်းစီးထားမှန်း သိသာလှစွာ ဖောင်းနေသည့် ဝမ်းဗိုက်သားနှင့် မျက်နှာမှာ ဖြူဖျော့ဖျော့ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက အသေးစား ခွဲစိတ်မှု ခံယူထားဟန်တူသည်။

ဤသည်မှာ VIP အဆောက်အဦးဖြစ်၍ ထိုသူမှာ ဆေးဖိုးအခကြေးငွေ ရှောင်လွှဲရန် မဖြစ်နိုင်ပေ။ ဆရာဝန်၏ နောက်ကွယ်၌ ဆေးရုံမှ ထွက်ပြေးလာခြင်း ဖြစ်နိုင်သည်။

Gu Beiyue မှာ သူ့ကို ကြည့်ရင်း ပြုံးပြီးပြောလိုက်သည်။ “လူကြီးမင်း၊ ခွဲစိတ်ပြီးပြီးချင်း ဆေးရုံကထွက်သွားတာ အရမ်းအန္တရာယ်များတယ်။"

Gu Qishao မှာ ဓာတ်လှေကားကို မှီ၍ Long Feiye ၏ နောက်တွင် ရပ်လိုက်သည်။ သူက အားနည်းနေသော်လည်း ပြုံးကာ ပြောလာသည်။ "အသေးစားခွဲစိတ်မှုတစ်ခုကြောင့် မသေနိုင်ဘူး။ မင်းလည်း ဆရာဝန်နဲ့တွေ့ဖို့ရှိလား။ ဘယ်ဆရာဝန်ဆီ သွားမလို့လဲ။"

Long Feiye မှာ စကားတစ်ခွန်းမှ မပြောပဲ ဖန်သားပြင်ပေါ် တက်လာသည့် စကားလုံး နံပတ်ကို စိုက်ကြည့်နေသည်။

"ကျွန်တော်တို့ လူနာကို သွားကြည့်ဖို့ ရောက်နေတာပါ။" Gu Beiyue မှာ စကားထပ်မပြောချင်တော့ပဲ ဖြတ်လိုက်သည်။

Gu Qishao မှာ သူ၏ ပြင်ဆင်ထားသည့် အဖြေကို ပြောနိုင်ပြီး ထပ်မံ စိတ်ရှုပ်ခံကာ မမေးတော့ပေ။ သူက လက်ကိုင်ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်သည်။
"ဟေး Luo Zuishan၊ ငါ့ကို တစ်ခုခုလုပ်ပေး။ ပြီးရင် မင်းကို စာအိတ်အနီကြီးကြီးတစ်စောင် ပေးမယ်။"

ထိုစကားများ ထွက်လာသည်နှင့် Gu Beiyue မှာ Long Feiye ကို ချက်ချင်းကြည့်လိုက်ပြီး Long Feiye မှာ နောက်ဆုံးတော့ တုံ့ပြန်မှုရှိလာကာ စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ Luo Zuishan မှာ ရှေ့နေ လော့ မှလွဲ၍ အခြားသူမဟုတ်ပေ။

မြင်မြင်ချင်း အချစ်Where stories live. Discover now