အခန်း(၂)

229 28 11
                                    

အခန်း(၂)

ဟန်ယွင်ရှီးအဖြစ် ဟန်ဆောင်ခြင်း။







Duanmu Yao မှာ သူမ ငယ်ရွယ်စဥွ် သူမ၏ဖခင်ဖြစ်သူဖြင့်အတူ လုံမိသားစုထံ အလည်အပတ် သွားခဲ့ချိန် ထိုလူနှစ်ယောက် Chu Xifeng နှင့် Xu Donglin တို့ကို တွေ့ခဲ့သည်အား သတိရမိသည်။

ထိုအချိန်၌ သူတို့က ငယ်ရွယ်သေးသည်။ နှစ်များစွာကြာပြီးနောက် သူမ သူတို့ကို မမှတ်မိတော့သောကြောင့် သူမကိုလည်း သူတို့က မမှတ်မိတော့ခြင်း ဖြစ်ရမည်။

Duanmu  Yao မှာ အသက်ပြင်းပြင်းရှူပြီး လျင်မြန်စွာ လမ်းလျှောက်သွားလိုက်သည်။ “ကျွန်မ Han Yunxi ပါ။ ဌာနမှူးလင်းက ကျွန်မကို လာပြီး Mr. Long အတွက် အဆိပ်ဖြေဖို့ ကူညီပေးခိုင်းလိုက်လို့ပါ။"

Duanmu  Yao မှာ ပြောပြီးသည်နှင့် သူမ၏ နောက်မှ ဒေါက်မြင့်ဖိနပ်သံများ လျင်မြန်စွာ ထွက်လာလေသည်။

Duanmu Yao မှာ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်လျှင် ရုတ်တရက်  အေးစက်သောချွေးများ ထွက်လာတော့သည်။ သူမထံ လှမ်းလာနေသူမှာ Han Yunxi အပြင် တခြားသူမဟုတ်မှန်း မြင်လိုက်ရသည်။

Duanmu Yao မှ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဥ်တွင် Han Yunxi မှာ သူမကို ကြည့်ပင် မကြည့်ပဲ အလျင်စလိုဖြတ်သွားကာ သူမ၏ ဘေးရှိ သူနာပြု Baili Mingxiang ထံ မေးနေသည်။ "ပိုးသတ်ဆေးအားလုံး ပေးပြီးသွားပြီလား။"

Baili Mingxiang မှာ Han Yunxi ၏ ခြေလှမ်းများနောက်မှ လိုက်လာကာ ဖြေလိုက်လေသည်။ "အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ဒေါက်တာက ရောက်လာတာကိုစောင့်နေပါတယ်။ လူနာက မေ့ဆေးမပေးဖို့တောင်းဆိုနေတာတစ်ခုပါပဲ။"

Han Yunxi က အတော်လေးအံ့အားသင့်သွားတော့သည်။ "သူ့မှာ ဆေးဝါးဓာတ်မတည့်မှုရာဇဝင်ရှိလား။"

"မရှိပါဘူး၊ ကျွန်မတို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လူနာက အကြောင်းအရင်းကို ရှင်းပြဖို့ မလိုလားပဲ ခေါင်းမာနေပါတယ်။" Baili Mingxiang မှာ အမှန်အတိုင်းဖြေလိုက်သည်။

"ဒါဆိုလည်းရန်မဖြစ်နဲ့။"

"ဒေါက်တာက အကြံပေးရင် ဘယ်လို..."

"အချိန်က ကျဉ်းတော့ သူ့ကို သဘောတူကြောင်း လက်မှတ် ထိုးခိုင်းလိုက်။ နာကျင်မှုကြောင့် ဖြစ်လာတဲ့ ဘယ်လို အကျိုးဆက်တွေအတွက်မဆို သူက တာဝန်ယူရလိမ့်မယ်။"

မြင်မြင်ချင်း အချစ်Where stories live. Discover now