အခန်း(၃၉)

93 20 2
                                    

အခန်း(၃၉)

ဒီတစ်ကြိမ် နားလည်မှု လွဲတာက ကြီးလွန်းတယ်။





Mu Ling'er မှ လုံလုံခြုံခြုံ ရှိနေသည်ကို မြင်လိုက်ရလျှင် Gu Qishao မှာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ လူမှ အဆင်ပြေနေသမျှ အခြားကိစ္စအားလုံးက အရေးမကြီးပေ။ သူက အခန်းထဲရှိ လူတိုင်းကို ကြည့်လိုက်လျှင်တော့ ရင်းနှီးသောမျက်နှာကို တွေ့လိုက်ရလေသည်။

“Jin..”

Mr. Jin မှာ Gu Qishao ကို မျက်နှာပေါ်တွင် အပြုံးဖြင့် ကြည့်လိုက်သည်။ "မစ္စတာကု။"

နှစ်ယောက်မှာ အကြိမ်အနည်းငယ်သာ ဖဲရိုက်ခဲ့ကြသော်လည်း တစ်ယောက်ကို တစ်ယောက် နက်ရှိုင်းသော အထင်အမြင်များ ရှိနေသည်။ Gu Qishao ၏ မျက်လုံးထဲတွင် Jin Zijin မှာ ဘယ်တော့မှမရှုံးသော နတ်ဘုရား လောင်းကစားသမား ကဲ့သို့ပင်။ Jin Zi ၏မျက်လုံးများတွင် Gu Qishao မှာ ပိုက်ဆံများစွာဖြင့် ဆက်တိုက် ရှုံးနိမ့်နေသည့် အရူးတစ်ယောက်ပင်။

Mu Ling'er မှာ အံ့သြသွားတော့သည်။ "ချီကိုကို၊ ဒီလူ့ကို သိလား။"

Gu Qishao မှာ Mr. Jin ၏ ပုခုံးကို ပုတ်ပြီး ရယ်မောလိုက်သည်။ "သူငယ်ချင်းဟောင်း၊ မင်းဘာဖြစ်နေတာလဲ။ နားလည်မှုလွဲနေတာရှိလို့လား။"

Mr. Jin မှာ Gu Qishao ၏လက်ကို လျင်မြန်စွာ ရှောင်လိုက်ပြီး Gu Qishao ကို မျက်နှာသာ မပေးချေ။ သူ၏ အမူအရာမှာ အေးစက်နေဆဲပင်။ "မင်းညီမ ငါ့ကားကို ဝင်တိုက်တာ။"

Gu Qishao မှာ ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ "ကားတိုက်ရင် တိုက်တယ်ပေါ့။ ဒီလို နေရာစုတ်ကို လာစရာလား။ “

ထိုစကားထွက်လာသည်နှင့်  အရာရှိချန် နှင့် ရဲဘော်အချို့မှာ ငြိမ်မနေနိုင်တော့ပေ။

"Gu Qishao ကျေးဇူးပြုပြီး ယဉ်ကျေးပါ။"

"Gu Qishao၊ နိုင်ငံတော် အုပ်ချုပ်ရေး အေဂျင်စီတွေကို လျစ်လျူမရှုပါနဲ့။"

အရာရှိချန်မှာ အမိန့်ပေးလိုက်သည်။ "Gu Qishao၊ မင်းက မိသားစုဝင်ဆိုရင် ဒီကိုလာခဲ့။"

"အဲ့ဒီမှာ ဘာလုပ်ရမှာလဲ။" Gu Qishao မှ မေးလိုက်သည်။

"ဒီအချက်အလက်ကို ဖြည့်။" အရာရှိချန်မှာ လေးနက်စွာပြောလိုက်သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now