အခန်း(၅၃)

89 18 2
                                    

အခန်း(၅၃)

ကိုယ် မင်းကို သေချာပေါက် အဲဒီအတွက် ရှင်းပြပါ့မယ်။





Han Yunxi မှာ အောက်ထပ်သို့ အလျင်အမြန်ဆင်းပြီး ဆီမွှေးသာမက ပိုးသတ်ဆေးကိုပါ ယူဆောင်လာခဲ့သည်။ နှစ်ယောက်စလုံးမှာ အပြစ်ရှိစိတ် ခံစားနေရသည်။ Han Yunxi မှာ သူ့ကို အပေါ်ထပ် မဖိတ်သဖြင့် သူက တက်လာရန် အစပျိုးခဲ့ခြင်း မပြုပေ။ ထိုင်စရာနေရာရှာမရလျှင် နှစ်ယောက်သား ကားထဲတွင်သာ ပြန်ထိုင်လိုက်ကြသည်။

Han Yunxi မှ ပိုးသတ်ဆေးကို လိမ်းလိုက်ပေးသောအခါ Long Feiye မှာ နောက်ဆုံးတွင် ပြုံးလာပြီး စနောက်ကာ မေးလိုက်သည်။ "ဘာလဲ၊ မင်းရဲ့ သွားတွေက အဆိပ်ရှိလို့လား။"

သူ၏အပြုံးကို မြင်လိုက်ရလျှင် Han  Yunxi ၏ နှလုံးသားမှာ အနည်းငယ် ကျဆင်းသွားတော့သည်။ ရှင်ပြုံးမနေရင် တော်တော်ကြောက်ဖို့ကောင်းတာ သိရဲ့လား။

သူမ သူ့ကို အဖြေမမပေးချေ။ ဒဏ်ရာကို ဂရုတစိုက် ကုသပြီးနောက် ပြောလိုက်လေသည်။ “တောင်းပန်ပါတယ်။” 

ထိုအချိန်တွင် သူမ၏ လက်ကိုင်ဖုန်းမှာ မြည်လာလေသည်။

ဖုန်းကို ဗဟိုကွန်ဆိုးလ်ပေါ်တွင် တင်ထားလေသည်။ Long Feiye မှာ ဖန်သားပြင်ပေါ်တွင် "Ning Cheng" ဟူသော စကားလုံးကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်သည်။ သူမ ၎င်းကို ကြည့်လိုက်ပြီး အဖြေမပေးပဲ အသံတိတ်ရန် နှိပ်ကာ ဆေးကို အရင် ဆက်လိမ်းပေးလိုက်သည်။

သို့သော် Ning Cheng မှာ ဖုန်းချလိုက်ပြီး ဗီဒီယိုတစ်ခုတောင်းဆိုရန် WeChat မှ ချက်ချင်းဖုန်းခေါ်လာမည်ဟု ဘယ်သူသိမည်လဲ။ Long Feiye မှာ ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး မထိန်းနိုင်ပဲ မေးလိုက်လေသည်။ "အရမ်းနောက်ကျနေပြီ၊ အရေးပေါ်ကိစ္စရှိလို့လား။"

အသေအချာကို အရေးပေါ်ကိစ္စပင်။

ဝေ့ပေါ်တွင် ဖြစ်ပျက်နေသည်များဖြင့် သက်ဆိုင်သော အရေးတကြီး ကိစ္စတစ်ခု ဖြစ်သင့်သည်။ မဟုတ်လျှင် Ning Cheng မှာ အလွန်ရိုင်းပြကာ ညသန်းခေါင်တွင် သူမထံ ဗီဒီယို တောင်းဆိုမှုတစ်ခု ပေးပို့မည် မဟုတ်ပေ။

မြင်မြင်ချင်း အချစ်Where stories live. Discover now