အခန်း(၃၀)

127 25 6
                                    

အခန်း(၃၀)

ငါတို့ ဘယ်နှစ်ကြိမ်လောက် အမှတ်မထင် တွေ့ကြလိမ့်မလဲ။






ပထမအချက်မှာ၊ သူက မိခင်ဖြစ်သူကို မျက်နှာသာ ပေးချင်သည်။ ဒုတိယအချက်မှာ Chu Qingge ၏ စီးပွားရေးစွမ်းရည်သည် အမှန်တကယ်ပင် ကောင်းမွန်လှသည်။ သို့ဖြင့် Long Feiye မှာ Chu Qingge ၏ ပြောင်းရွေ့လာမှုကို မငြင်းဆန်ခဲ့ပေ။

Han Yunxi ၏ကားပေါ်မှဆင်းပြီးနောက် Long Feiye မှာ Tang Li ကိုဖုန်းဆက်ရန် ပြင်လိုက်သော်လည်း ကားရပ်နားရာနေရာတွင် Chu Qingge ဖြင့် တိုးမိလေသည်။

Chu Qingge ၏နောက်ပြောင်မှုများနှင့်ရင်ဆိုင်ရသောအခါ Long Feiye မှာ တုံ့ပြန်ခြင်း မပြုပဲ မေးခွန်းထုတ်လိုက်သည်။ "စာချုပ်က ဘယ်မှာလဲ။"

အကယ်၍ Chu Qingge မှ သူ့ကိုပြသရန် စာချုပ်နှစ်စောင်ရှိသည်ဟု မပြောခဲ့လျှင် သူမ၏ ကားပေါ် တက်လာမည်မဟုတ်ပေ။ Chu Qingge မှာ စာချုပ်ကို လွှဲပေးလိုက်ပြီး Long Feiye မှာ မျက်မှောက်ကျုတ်ကာ ကိုယ့်ကိုကိုယ် နိုးကြားစေပြီး ဂရုတစိုက်ဖတ်လိုက်သည်။

Chu Qingge ၏ မျက်လုံးများမှာ တပ်မက်ဖွယ်ကောင်းသော သူ၏ချောမောသောမျက်နှာပေါ်တွင် ကျဆင်းသွားသော်လည်း သူမကို သတိပြုမိမည်အား စိုးရိမ်သောကြောင့် ကြာမြင့်စွာ ကြည့်မနေဝံ့ပေ။

သူက ကိစ္စ တစ်ခုနှင့်တစ်ခုအား ပြတ်ပြတ်သားသား ခွဲခြားသိမြင်နိုင်သူတစ်ဦးဖြစ်ပြီး အထူးသဖြင့် အလုပ်တွင် ကိုယ်ရေးကိုယ်တာခံစားချက်များ ထားရှိနေခြင်းကို မုန်းတီးသည်။ သူက သူမ၏အတွေးများကို သိပြီးသည်နှင့် လုံမိသားစု၏ အဘွားကြီးမှာ သူမအား အကာအကွယ်မပေးနိုင်တော့မည် မဟုတ်မှန်း ခန့်မှန်းနိုင်သည်။

"သူမက မစ္စတာလုံ ရဲ့ သူငယ်ချင်းဖြစ်ရမယ် မဟုတ်လား။" Chu Qingge မှာ ထပ်မံမေးလိုက်သည်။

Long Feiye မှာ အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းကို မကြိုက်ကြောင်း သူမ သိသော်လည်း သူမ၏ သိချင်စိတ် သို့မဟုတ် တစ်နည်းအားဖြင့် သူမ၏ စိတ်မသက်သာမှုကို မထိန်းချုပ်ပေ။

အကယ်၍ Long Feiye မှ သူမကို ကားရပ်ခိုင်းခြင်း မရှိလျှင်၊ ထိုအမျိုးသမီးကို အာရုံစိုက်မိမည် မဟုတ်သကဲ့သို့ သူမလက်ထဲရှိ ကုတ်အင်္ကျီမှာ သူ၏ အင်္ကျီမှန်း သိနိုင်မည်လည်း မဟုတ်ပေ။

မြင်မြင်ချင်း အချစ်Where stories live. Discover now