အခန်း(၅၅)

59 15 9
                                    

အခန်း(၅၅)

နေကြာပန်းများ။






မိုးသောက်လာပြီပင်။

သို့ရာတွင် Han Yunxi မှာ ပြတင်းပေါက်နားရှိ ကုလားထိုင်ပေါ်တွင် လှဲပြီး အိပ်ပျော်နေခဲ့သည်။ သူမ အလွန်ထူးဆန်းသော အိပ်မက်တစ်ခုမက်ခဲ့သည်။ သူမ ထူးဆန်းသောအိမ်ကြီးတစ်ခုတွင် ရှိနေသည်ကို အိပ်မက်မက်ခဲ့သည်။ သူမ ထပ်ခိုးပြတင်းပေါက်တွင် ရပ်ကာ ဆန့်ကျင်ဘက်ရှိ နန်းတော်သို့ လှမ်းကြည့်နေသည်။

နန်းတော်မှာ မည်းမှောင်နေပြီး မီးများ ဘယ်တော့မှ မလင်းနိုင်တော့သကဲ့သို့ ထင်ရလေသည်။ သူမ ဘာကိုစောင့်နေမှန်း မသိသည့်တိုင် မိုက်မဲစွာ စောင့်နေလေသည်။

ဖုန်းမှာ ရုတ်တရက် မြည်လာပြီး Han  Yunxi  ကို အိပ်မောကျနေရာမှ ဆွဲထုတ်လိုက်သည်။ ဖုန်းခေါ်ဆိုသူမှာ Ning Cheng မှလွဲ၍ အခြားသူမဟုတ်ပေ။

Han Yunxi မှာ အိပ်ချင်မူးတူးဖြင့် ကိုင်လိုက်သည်။ "ဟယ်လို... အားချန်…”

"မင်း ဘယ်မှာလဲ။" Ning Cheng ၏ အသံမှာ နိမ့်ပြီး ပြာနေသည်။

Han Yunxi မှာ အနည်းငယ် နိုးကြားလာပြီး ဖြေလိုက်သည်။ "အိမ်မှာ အဆင်ပြေတယ် စိတ်မပူနဲ့။"

Ning Cheng မှာ အလေးအနက် မေးလာသည်။ "ဘာတွေဖြစ်နေတာလဲ။ မင်း… မင်းနဲ့ Long Feiye..."

Han Yunxi မှာ တိတ်ဆိတ်သွားပြီးနောက် မည်သို့ ရှင်းပြ ရမှန်းမသိတော့ပေ။ သေချာသည်မှာ သူမ ရှင်းမပြချင်သဖြင့် အတန်ကြာအောင် တိတ်နေလိုက်သည်။

"အဆင်ပြေပါတယ် ကျွန်မ ဖုန်းချလိုက်တော့မယ်..."

"ခဏနေဦး မင်း..."

Han  Yunxi  မှာ ဖုန်းချပြီး ဖုန်းပိတ်ထားလိုက်သည်။

ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ Long Feiye ၏ ကားမှာ ရှိသေးသည်ကို တွေ့လိုက်ရသော်လည်း လူမှာမူ ပျောက်နေလေသည်။

"လူရမ်းကား.. ကြိုက်သလောက်သာစောင့်နေ။"

သူမလည်း အိပ်မပျော်သောကြောင့် နောက်ထပ် ရေချိုးရန် သွားလိုက်ပြီး မနက်စာ ချက်လိုက်သည်။ သူမက ထိုကဲ့သို့ တည်ငြိမ်သူတစ်ဦးဖြစ်ပြီး တစ်ညလုံး မငြိမ်မသက် ဖြစ်နေခဲ့သဖြင့် ယခုအချိန်တွင် စိတ်တည်ငြိမ်ရန် အချိန်တန်ပြီဖြစ်သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now