အခန်း(၄၂)

100 19 2
                                    

အခန်း(၄၂)

အိုးရန် နှင့် ချန်လီ။




Han Yunxi မှာ သူမ၏ မေးလ်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် တရားဝင် ခွင့်ပြုချက် စာတစ်စောင် ပေးပို့ခဲ့ကြောင်း တွေ့လိုက်ရပြီး  သက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရန် မနက်ဖြန်တွင် အသင်းသို့ လာရောက်ရန် အကြောင်းကြားစာကို တွေ့လိုက်ရသည်။

"အား..."

သူမ ဝမ်းသာအားရ အော်လိုက်လေသည်။ သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ်ထဲသို့ ပြန်သွားနိုင်ရန် စောင့်နေသည်မှာ ကြာပြီပင်။ ဆေးပညာကို နှစ်အတော်ကြာလေ့လာပြီးနောက် ဒုက္ခများစွာ ခံစားခဲ့ရသော်လည်း ဆက်စပ်အလုပ်တွင် ပါဝင်နိုင်ခြင်း မရှိပေ။ ထိုကဲ့သို့ ဒေါသကို မည်သူမှ နားလည်နိုင်မည် မဟုတ်ပေ။

"Long Feiye၊ ဒါက စာချုပ်ကို ချိုးဖောက်တာလို့ ယူဆလို့ မရဘူး ဟမ့်။"

Han Yunxi မှာ ဝမ်းသာနေချိန်တွင် လင်းယွင်ဆေးရုံမှ အရှုပ်အထွေးများကို တွေးမိပြန်သည်။

မူလက Long Feiye ကို နာမည်ပျက်စာရင်းမသွင်းချင်သော်လည်း ထိုအရာများကို တွေးမိသောအခါတွင်တော့ ပြတ်ပြတ်သားသား ဖုန်းကိုယူကာ နာမည်ပျက်စာရင်းသွင်းလိုက်ပြန်သည်။

သူမ ပြောလိုက်သည်။ "ဘိုင့်ဘိုင်.. ဘယ်တော့မှဘဲ။"

Long Feiye မှာ သူက ဘယ်လို အိပ်ပျော်သွားမှန်းမသိပေ။ နောက်နေ့ ခြောက်နာရီခွဲတွင် နာရီနှိုးစက်မှာ မြည်လာသော်လည်း မှိန်းနေမိဆဲပင်။ သူ၏ ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် နာရီနှိုးစက်ကို နှိပ်ပြီး ပြန်အိပ်လိုက်သည်။

အတန်ကြာလျှင် ဖုန်းမြည်လာသည်။ သူ၏ ကြီးမားသော လက်မှာ အနက်ရောင် နှင့် မီးခိုးရောင် စောင်များကြားမှ ဆန့်ထုတ်လိုက်သည်။ သူက ဖုန်းပိတ်ရန် ဖိဟန်ပြင်လိုက်သော်လည်း သူ၏ လက်မှ တောင့်တင်းလာသောအခါ ဖုန်းကို စောင်အောက်မှ ယူလိုက်လေသည်။

သုံးစက္ကန့်မပြည့်မီတွင်၊ Long Feiye မှာ စောင်ကို မြှောက်လိုက်ပြီး အိပ်ရာမှ ထလိုက်သည်။ ရှုပ်ပွနေသော ညဝတ်မှာ သူ၏ သန့်စင်ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ဖုံးကွယ်ထား၍ မရပေ။ ဂျယ်ကင်းသော ဆံပင်များမှာ ပွယောင်းယောင်း ဖြစ်နေသည်။ သူက တည်ငြိမ်မှုနှင့် ရင့်ကျက်မှု လစ်ဟင်းနေသော်လည်း အနည်းငယ်ပို၍ ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှုရှိကာ ပျင်းရိနေဟန်တူသည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now