01 (unicode)

20.9K 1.4K 85
                                    

" ဟေး ဝမ်ရိပေါ် ... ပြိုင်ကြရအောင် "

" မင်းတို့က ဘလိုင်းကြီးလာစိန်ခေါ်နေတာပဲ "

" ဒီကျောင်းမှာ မင်းအတော်ဆုံးလို့ကြားလို့လေ၊ ဘယ်လောက်တော်မတော်သိချင်လို့လာစမ်းတာ "

တဖက်ကကောင်လေး 7ယောက်က ရိပေါ်ကို စကားတွေနဲ့ မထိတထိစတယ်။ ရိပေါ်ကခပ်ဆိုးဆိုးလေး။ မဲ့မဲ့လေးပြုံးလိုက်တော့ ဟိုကောင်တွေက မခံချိမခံသာ။

" စမ်းချင်ဒီလာစမ်းပါလား၊ တော်မယ်လို့တော့ ငါမထင်ဘူး ... အဟမ်း မင်းဟာမင်း ဖြဲချဲ့ရင်တော့ တော်လောက်ပါတယ် "

ရှေ့ဘောင်းဘီကိုအနည်းငယ်ဟပြီး မျက်စလှမ်းပစ်ပြလိုက်တော့ ရန်လာစပါတယ်ဆိုတဲ့ကောင်တွေက ရှူးရှူးရှဲရှဲတွေဖြစ်ကုန်တယ်။ ဒီလောက်လေးနဲ့ ကျွတ်ကျဲကုန်တော့ ရိပေါ်ကအာရုံမလာတော့ဘူး။

" ဟေ့ကောင် မင်းမရိုင်းနဲ့ ! "

" အရင်ဆုံးလာရိုင်းတာမင်းတို့! ငါ့ကျောင်းနား ငါ့ပိုင်နက်ထဲလာပြီး ငါ့ကိုချိုးလို့ရမယ်ထင်နေကြတာ "

ရိပေါ်ကတ‌စ်ကောင်တည်းပဲ ဒါပေမယ့် ခြ‌​င်္သေ့၊ ခွေးအတွေလို အုပ်စုဖွဲ့ပြီးမှ တိုက်ခိုက်တတ်တာမဟုတ်ဘူး။ တစ်‌ယောက်တည်းလည်း အေးဆေးပဲ။

တစ်ဖက်ကျောင်းကကောင်တွေက သူ့စကားကြောင့် ဒေါသူပုန်တွေထပြီး ‌ခြေလှမ်းကြဲတွေနဲ့ လျှောက်လာကြတယ်။ အခုနေရာက ရိပေါ်ကျောင်းရဲ့ အရှေ့ဖက်ခြမ်းဆိုတာ သူတို့မေ့နေကြတယ်ထင်တယ်။

" ဟေ့ကောင်တွေ ... ဘာလုပ်နေကြတာလဲ?! အဲ့ဒါဝမ်ရိပေါ်မလား ဝမ်ရိပေါ်!!! မင်းပြဿနာရှာပြန်ပြီ ... ရှေ့ကကောင်တွေက ဘယ်ကျောင်းကလဲ?!! "

ကြိမ်လုံးတစ်လုံးကိုင် ထွက်လာတဲ့သူကိုမြင်တာနဲ့ ရန်လာစတာပါဆိုတဲ့ကောင်တွေက နောက်တောင်လှည့်မကြည့်တော့ပဲ ဖနောင့်နဲ့ဖင် တသားတည်းကျတဲ့အထိ ထွက်ပြေးကုန်ကြတယ်။ ဝမ်ရိပေါ်နဲ့ ရန်သာဖြစ်ချင်ကြတာ စည်းကမ်းထိန်းသိမ်းရေးမှာကျ နာမည်အမှတ်မခံချင်ဘူးထင်တယ်။

" ဝမ်ရိပေါ်!!! ဝမ်ရိပေါ် ... မင်း မင်း အမြဲပဲပြသာနာရှာနေတော့မှာလား "

M A Z EWhere stories live. Discover now