11 (unicode)

7.3K 997 91
                                    

" Ryu မြန်မြန်လုပ်။ ပါတီပွဲတွေဆို မင်းကြောင့် နောက်ကျနေတာချည်းပဲ "

အဖေ့ရဲ့ဆော်ဩသံနောက်မှာ Ryuကမျက်နှာကိုမဲ့ပစ်လိုက်မိတယ်။ ကီမိုနိုဝတ်စုံကလည်း ဘယ်အချိန်ပဲဝတ်ဝတ် သက်တောင့်သက်သာရှိတယ်လို့ကို မခံစားရဘူး။ ခါးကြိုးစကိုသေချာစည်းနှောင်ပြီးတဲ့နောက်မှာ ဝတ်ရုံကိုဝတ်ဆင်လိုက်ပြီး အခန်းထဲကနေထွက်လိုက်တော့တယ်။

ရှေးဟောင်းရိုးရာမပျက်ဆောက်ထားတဲ့အိမ်ရာရဲ့တံခါးတွေက ဘေးတွန်းတံခါးတွေပဲ။ အဲ့ဒီတံခါးတွေကြောင့်ပဲ အပြင်ကနေဆူပူနေတဲ့အဖေ့ရဲ့အသံတွေကို အတိုင်းသားကြားနေရတာဖြစ်တယ်။

" သားမပါလည်း ပါးတစ်ယောက်တည်း သွားလို့ရတာပဲကို "

ညနေခင်းကနေ ညဉ့်နက်တဲ့အထိ နေရတဲ့ပါတီပွဲတွေကို Ryuကမုန်းတတ်ခဲ့တာကြာပြီ။ စိတ်မပါပဲရယ်ပြနေရတဲ့အပြုံးတုတွေနဲ့ ရိုကျိုးမှုတွေ။ ဒါတွေကြားမှာ Ryuက စိတ်ကျဉ်းကြပ်လှတယ်။

" မင်းကဒီအိမ်ရဲ့ဆက်ခံသူလေ။ ငါတက်တဲ့ပါတီတိုင်း မင်းလိုက်နေရမှာပဲ။ ပြီးတော့ ပါး လို့ မခေါ်ဖို့ ငါဘယ်နှခါပြောမလဲ "

" ဟုတ်ကဲ့ အိုတိုး-စံ "

ကားပေါ်ကိုအရင်ဦးဆောင်တက်သွားတဲ့ပါးနောက် သူပါလိုက်တက်လိုက်ရတယ်။ အမြဲစီးနေကျမဟုတ်တဲ့ ခြေညှပ်ဖိနပ်ကလည်း ခြေဖဝါးမှာ ခိုးလို့ခုလုဖြင့်။

" ငါတို့အိမ် ဒီလိုအခြေအနေရောက်တဲ့အထိ အထောက်အပံ့ပြုပေးထားတဲ့ သခင်ကြီးရဲ့ပါတီပွဲ။ သူတရုတ်ရောက်တုန်း လုပ်တဲ့ပွဲမို့လို့ ပွဲကိုရောက်ရင် မင်းလိုတာထက်ပိုပြီး ဂရုစိုက်ရမယ် "

" ဟုတ်ကဲ့။ စိတ်ချပါ "

ပါတီပွဲတွေသွားတိုင်း Ryuက ညွှန်းကြားတာကို တသဝေမတိမ်းလိုက်လုပ်‌နေရတဲ့ စက်ရုပ်တစ်ရုပ်သာသာပဲ။ Takahashiမိသားစုရဲ့ ဆက်ခံသူဆိုပြီး ပါတီပွဲမှာရှိတဲ့သူအများအပြားကို မျက်နှာချိုလေပြေသွေးရတယ်။ မမှတ်ထားချင်တဲ့သူတွေမျက်နှာနဲ့ နာမည်‌တွေကို ဦးနှောက်ထဲမှတ်သားထားရတယ်။ သိပ်ကိုစိတ်ညစ်စရာကောင်းတဲ့ပါတီပွဲတွေပါပဲ။

M A Z EWhere stories live. Discover now