27 (unicode)

6.8K 862 45
                                    

ရိပေါ်ရဲ့ငယ်ဘဝမှတ်ဉာဏ်ထဲမှာရှိတဲ့အဖေ့ရဲ့ပုံရိပ်ကိုပြောပါဆိုရင် ကျောပြင်ဘယ်လောက်တောင်ကျယ်ပြန့်ကြောင်းကိုပဲ လိုရင်းတိုရှင်းပြောပြစရာရှိပါလိမ့်မယ်။ ငယ်ငယ်ကဂျစ်တိုက်ပြီးတွေးခဲ့သမျှက ‘အဖေကသမ္မတထက်‌တောင်အလုပ်များသေးတယ်’ဟူ၍။ မိဘဆီက လုံလောက်စွာ ဂရုစိုက်မှုမရတဲ့အခါ ရိပေါ်လုပ်ခဲ့သမျှအရာအားလုံးက ကလေးပီပီဂျစ်တိုက်ခြင်းသာ။ ဗီဇကိုကဆိုးသွမ်းနေတာမဟုတ်ပဲ ရိပေါ်ကဆိုးသွမ်းချင်ယောင်ဆောင်နေခြင်း။

အစစ်အမှန်မဟုတ်တဲ့အခါ အယောင်ဆောင်မျက်နှာဖုံးတွေက တပ်ထားရတာ တနေ့တခြားခက်ခဲလာတယ်။ အလုပ်အရမ်းများတဲ့မိဘတွေကိုပိုင်ဆိုင်ထားရတဲ့ကလေးတွေက ဒီလိုပဲလားမသိပေမယ့် အလယ်တန်းရောက်တဲ့နှစ်မှာပဲ ရိပေါ်လိုပဲမိဘကပစ်ထားတဲ့ Ryuနဲ့စတွေ့ခဲ့တယ်။ သူငယ်ချင်းအပေါင်းအသင်းဆိုတာကလည်း တူတာလေးတွေရှိမှပေါင်းလို့ကောင်းတာဆိုတော့ ဒီတချက်ကလေးပဲတူရုံနဲ့တင် နှစ်ကောင်သားကသူငယ်ချင်းစဖြစ်လာကြတယ်။

စိတ်ထဲမှာတစ်စုံတစ်ရာကပျောက်ဆုံးနေကြောင်း အလိုလိုသိနေခဲ့တဲ့ရိပေါ်က ဘာကပျောက်ဆုံးနေလဲဆိုတာကိုတော့ စဉ်းစားလို့မရခဲ့ဘူး။ နောက်တော့သိလာခဲ့ရတာက ရိပေါ်က ငယ်ဘဝမှတ်ဉာဏ်ပျောက်ဆုံးနေခဲ့တာပဲ။ မူလတန်းတက်ခဲ့တဲ့အချိန်တွေ ဘာဆိုဘာမှ မှတ်ဉာဏ်ထဲမှာရှိမနေခဲ့ခြင်း။

မနက်စာဝိုင်းမှာ မေ့နေခဲ့တဲ့ငယ်ဘဝမှတ်ဉာဏ်တွေကို သတိရလေမလားဆိုတဲ့ မျှော်လင့်ချက်ရေးရေးလေးရှိဟန်တူတဲ့ရှောင်းကျန့်က စကားလုံးတစ်လုံးချင်းစီကိုဂရုတစိုက်နဲ့ပြောပြနေခဲ့တယ်။ တချို့အကြောင်းအရာတွေမှာ အားနာတဲ့အသွင်လို မခို့တရို့ဖြစ်နေခဲ့တဲ့ရှောင်းကျန့်ကိုကြည့်ပြီး ရိပေါ်ကဘာလို့မှန်းမသိ နည်းနည်းလေးမှတောင် စိတ်အနှောင့်အယှက်မဖြစ်မိပေ။ ဒီလူက အဖေ့ကိုကလဲ့စားချေချင်တဲ့စိတ်ကြောင့် 8နှစ်သားသူ့ကို ပြန်ပေးဆွဲလာတယ်လို့ပြောတဲ့အပေါ်မှာတောင်မှလေ။ ဖြစ်နိုင်တာကတော့ ရှောင်းကျန့်ပြောပြနေတာကို သူ့အကြောင်းလို့မခံစားရပါပဲ တခြားသူအကြောင်းကိုရှောင်းကျန့်ကပြောပြနေတာကို သူကဒီတိုင်းနားထောင်နေရတယ်လို့ခံစားရလို့ပဲဖြစ်လိမ့်မယ်။

M A Z EWhere stories live. Discover now