03 (unicode)

9.3K 1.1K 52
                                    

အရင်ဆေးလိပ်သောက်နေကျနေရာ စတိုခန်းခပ်ကျဉ်းကျဉ်းက အခုတော့ရိပေါ်ကိုသောက်ခွက်ပြောင်ပြနေသလိုပဲ။ စတိုခန်းမှာက မသုံးတော့တဲ့ခုံအစုတ်အပြတ်တွေထားထားတာရှိတယ်။ ခြုံပြောရရင် ကျောင်းမှာရှိတဲ့စုတ်ပြတ်နေတာမှန်သမျှ ဒီထဲမှာလာရှာလို့ရတယ်။

ဥပမာ - မင်းကအစုတ်အပြတ်‌တွေကို လှည်းတွန်းပြီးလိုက်ဝယ်တဲ့ ကုလားတစ်ယောက်ပဲဆိုပါစို့။ လှည်းကိုလမ်းတကာလမ်းပတ်တွန်းပြီး လိုက်ဝယ်နေစရာမလိုဘူး ဒီထဲမှာတင်လာကောက်လိုက်လို့ရတယ်။ အဲ့လောက်ထိကို အစုတ်အပြတ်တွေများနေတာ။ ဖြဲရှာရင်တောင် ကောင်းတာတစ်ခုမှတွေ့ရမှာမဟုတ်ဘူး။

နံရံတွေနဲ့အမိုးတွေပေါ်မှာလည်း တွယ်ကပ်နေတဲ့ပိုးမျှင်အိမ်တွေကရှိသေးတယ်။ ပင့်ကူတွေဆို ဟိုဟိုဒီဒီကူးသန်းနေကြသေးတာ။ ပင့်ကူမိသားစုလားတော့မသိဘူး အမိုးထောင့်မှာ အုံလိုက်ကြီးကရှိနေသေးတယ်။

ပြီးတော့ ရိပေါ်တို့နှစ်ယောက် ဆေးလိပ်သောက်နေကျနေရာ ထောင့်လေးမှာကလည်း ဆေးလိပ်ပြာတွေချည်းပဲ။ ဘယ်လောက်တောင်များလဲဆို လူဖို့သတ်လို့ရလောက်တဲ့အထိပဲ။ မယုံဘူးလား မယုံရင် လာအဖို့ခံကြည့်!

ရိပေါ်စိတ်တိုတိုနဲ့ ဒါတွေကိုရှင်းခိုင်းတဲ့ဟိုဆရာဘိုးတော်ကို စိတ်ထဲကနေပြီးမေတ္တာပို့ပစ်လိုက်တယ်။ မေတ္တာဆိုတာ ကောင်းတဲ့အရာပဲလေ။ မေတ္တာပို့တာ ငရဲမကြီးပါဘူး။ ဗုဒ္ဓဘာသာဝင်ရိပေါ်အမေက အမြဲပြောနေကျအရာရှိတယ်။ 'လူလူချင်းမေတ္တာထားရမယ်သားလေး'တဲ့။ အဲ့ဒါကြောင့် ရိပေါ်ကမေတ္တာထားတဲ့အနေနဲ့ ဆရာ့ကိုမေတ္တာပို့လိုက်တာပါ။ ကျန်းမာပါစေ ချမ်းသာပါစေပေါ့။

" ရိပေါ် ... ရော့ ! "

တံမြက်စည်းတွေဂေါ်ပြားတွေသယ်လာတဲ့ Ryuက သူ့လက်ထဲကဟာတွေ ရိပေါ်ကိုထိုးပေးတယ်။ အဲ့ကောင်ကိုလည်း ရိပေါ်ကမကြည်ဖြစ်နေတာကြောင့် ချက်ချင်းလှမ်းမယူပဲ မျက်ထောင့်နီနဲ့တချက်ကြည့်လိုက်တယ်။

" မင်းလုပ်လို့ ! "

" ငါကဘာလုပ်လို့တုန်း "

" မင်းဆွဲလာလို့ "

" ဆရာနဲ့ဖက်ဖြစ်နေတာမကောင်းလို့‌ ဆွဲလာတာလေ အဲ့ဒါငါမှားလား "

M A Z EWhere stories live. Discover now