" ဒီမှာ ရုံးခန်း! "
ဂုတ်ကဆွဲထားတဲ့လက်ကိုမလွှတ်သေးပဲ ရုံးခန်းရှေ့တည့်တည့်ရပ်ပြီး ရုံးခန်းကိုမျက်စပစ်ပြနေတဲ့ဘေးကလူကို စိတ်တိုတိုနဲ့လှည့်ကြည့်လိုက်ပြီး ခြေထောက်ကိုလှမ်းကန်ပစ်လိုက်တယ်။ ဖြစ်ချင်တော့ တဖက်လူနဲ့လျင်မြန်မှုက ရိပေါ်လောက်မဟုတ်တောင် ရိပေါ်နီးနီးရှိနေတယ်။
တိုက်ခိုက်ရေးကျွမ်းပါတယ်ဆိုတဲ့ ရိပေါ်ရဲ့ခြေထောက်ကိုတောင် အေးဆေးရှောင်နိုင်သွားတော့ အဲ့လူကမဆိုးဘူး။ ရိပေါ်လိုပဲတော်တယ်။ တစ်ခါမရရင် နောက်တစ်ခါထပ်လုပ်တာပေါ့လို့တွေးပြီး ထပ်ကန်ပြန်တော့လည်း အဲ့လူကအေးဆေးရှောင်နိုင်သွားတာပဲ။
ကိုယ်ကကန်လိုက် သူကရှောင်လိုက်နဲ့ ရုံးခန်းရှေ့မှာခြေချင်းလိမ်နေကြတယ်။ ခဏကြာတော့ အနှီလူကစိတ်တိုလာတဲ့ပုံပဲ။ ရိပေါ်လက်နှစ်ဖက်လုံးကို လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်ပစ်လိုက်တယ်။ အံတင်းတင်းကြိတ်ပြီး မီးပွင့်မတတ်ဖြစ်နေတဲ့ရိပေါ်အကြည့်တွေကို သူကအေးအေးလေးပြန်ကြည့်နေတာ။
သူတို့နှစ်ယောက်အကြည့်ချင်းစီးချင်းထိုးနေတုန်းမှာပဲ ဘယ်ကမ္ဘာကနေဘယ်လိုပြေးလိုက်လာလဲမသိတဲ့ Ryuက ဟောဟဲ ဟောဟဲနဲ့ ဒူးပေါ်လက်နှစ်ဖက်ထောက်ပြီး အမောလာဖြေနေတယ်။ အတော်အားကိုးရတဲ့ကောင် ... ကိုယ့်ရဲဘော်ရဲဖက် အခက်အခဲဖြစ်နေတာတောင် သူကအမောဖြေနေနိုင်သေးတယ်။
" ရိပေါ် အဆင်ပြေလား "
ငါ့ပုံကအဆင်ပြေတဲ့ပုံပေါက်လို့လား အရူးရဲ့!!
လူကလက်နှစ်ဖက်ကိုရုန်းလို့ကိုမရဘူး။ အရှေ့ကလူက အရိုးထဲကအားထွက်နေတာမျိုး။ သူ့လက်ထက်တောင်သေးနေဦးမယ့်လက်တွေက သူ့လက်ကိုဖမ်းချုပ်ထားတာများ။ ချီးလိုပဲ ... ဘောပဲကွာ!!" ခင်ဗျား !! လွှတ် ... လွှတ်စမ်းဗျာ "
ကြာတော့လက်ကောက်ဝတ်ကနာလာပြီ။ အားကြီးနဲ့ချုပ်ထားတဲ့အဲ့လူက လွှတ်မယ့်အနေအထားမရှိဘူး။ အံတင်းတင်းကြိတ်ထားရာကနေ နှုတ်ခမ်းကစူတော့မယ့်ပုံစံမျိုးဖြစ်သွားလားတော့မသိဘူး။ အဲ့လူကအသေအချာကို နှုတ်ခမ်းကိုငုံ့ကြည့်လာတယ်။ သောက်အရပ်ကလည်း ဘယ်တော့မှလူစဉ်မှီမှာလည်းမသိဘူး အထက်တန်းပထမနှစ်ရောက်နေတာတောင် ကလေးအရပ်နဲ့။
YOU ARE READING
M A Z E
FanfictionYou're my MAZE ! I can't escape from you. 『 From 26.7.2020 To 7.11.2020 』