FINAL (unicode)

13.4K 1K 93
                                    

ပြတင်းပေါက်မှတဆင့် ဝင်ရောက်လာတဲ့နေရောင်ခြည်ဖျော့ဖျော့က အခန်းငယ်အတွင်းရှိကုတင်ထက်မှ လူသားနှစ်ဦးအပေါ်ဖြန့်ကျက်လာခဲ့လေတယ်။ အလင်းရောင်ရဲ့စူးရှမှုကိုအံတုလို့ မျက်လုံးကိုတင်းတင်းစေ့ပိတ်ထားသော်လည်း ခပ်ကြာကြာအံမတုနိုင်တဲ့နောက်မှာ အညိုရောင်မျက်ဝန်းတစ်စုံကပွင့်အာလာလေတယ်။ နေရောင်ခြည်က သူ့ဖက်ဆီပိုပိုသာသာရောက်နေတာမို့ ကိုယ်လုံးကိုတစောင်းပြင်လိုက်ရင်း သူ့ဘေးကခန္ဓာကိုယ်လေးဆီ နေရောင်မကျရောက်အောင် တတ်နိုင်သမျှကာကွယ်ပေးမိတယ်။

အဝတ်မကူတဲ့ခန္ဓာကိုယ်လေးက သူ့ရင်ခွင်အတွင်းမှာရှိနေခဲ့တယ်။ စောင်မကူပဲလွတ်နေလေတဲ့ ပုခုံးသားတို့ထက် အနီရောင်အမှတ်တွေက ဟိုနေရာတစ်ကွက်ဒီနေရာတစ်ကွက်။ သိပ်ကိုမှကြည့်လို့ကောင်းလှတယ်။ ပါးပြင်အုအုထက် နှုတ်ခမ်းသားကိုခပ်ကြာကြာဖိကပ်ပြီးနောက် ကျေနပ်စွာပြုံးလိုက်လေတယ်။

" ဝမ်ရိပေါ် ... ထတော့လေ။ ဒီနေ့ မင်းအိမ်ကိုသွားရမှာ "

ပုခုံးကိုအသာအယာလှုပ်နှိုးမှုက ရင်ခွင်ထဲကအကောင်ပေါက်ကို နည်းနည်းလေးမှ မနှောင့်ယှက်နိုင်တဲ့အလား။ တအင်းအင်းတအဲအဲလုပ်ကာ ရင်ခွင်ထဲပိုတိုးဝင်လာလေတော့ ဆက်ပြီးမနှိုးရက်တော့တာ ရှောင်းကျန့်ပဲဖြစ်လေတော့တယ်။

" မထချင်သေးရင်မထနဲ့။ ငါ့ကိုတော့လွှတ်ဦး။ မနက်စာပြင်ရဦးမယ် "

နိုးနေတာအသိသာသာပင်ဖြစ်လေတယ်။ ဆိုးသွမ်းကြောင်းပြချင်နေကြောင်းကိုရှောင်းကျန့်ကသိရှိနေလေတော့ ရယ်မောပြီးတော့သာ တင်းကြပ်လာတဲ့လက်တစ်စုံအောက်မှာ ငြိမ်ငြိမ်လေးပြန်နေလိုက်တော့တယ်။ ရင်ခွင်ထဲကခန္ဓာကိုယ်ကို ပိုမိုကာဆွဲသွင်းပြီးဖက်ထားဖို့ကိုလည်း မေ့လျော့မနေခဲ့ဘူး။

ဝမ်ရိပေါ်ရဲ့ စနေ၊တနင်္ဂ‌နွေ ပိတ်ရက်နှစ်ရက်က အံ့ဩစရာဖြစ်ရပ်တွေနဲ့ကြုံတွေ့ခဲ့ရတာတောင် ဝမ်ရိပေါ်ကတော့ နည်းနည်းလေးမှစိုးရိမ်ကြောင့်ကြမှုရှိမနေသလိုပဲ။ ဒါလည်း ကောင်းတာပဲ။ ဒီလိုမျိုး သူ့ရင်ခွင်ထဲမှာ အေးအေးချမ်းချမ်းလေးအမြဲနေနေရင် ပိုလို့တောင်ကောင်းသေးတယ်။ ရင်ခွင်ထဲကခန္ဓာကိုယ်လေးကို ပွေ့ဖက်ပွတ်သပ်ရင်းကနေ ရှောင်းကျန့်က ရှေ့ဆက်ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားမိပြန်တယ်။ ဦးလေးလက်ချက်နဲ့ တရုတ်ကလုပ်ငန်းတွေကတော့ စစ်ဆေးရေးတွေလက်ထဲရောက်သွားမှာ သေချာပေါက်ပင်။

M A Z EWhere stories live. Discover now