26 (unicode)

6.5K 901 42
                                    

ခန္ဓာကိုယ်က ဂျပန်မှာရှိနေပေမယ့် စိတ်အစုံကတော့ တရုတ်မြေမှာကျန်ခဲ့လေတယ်။ ဖက်ထုပ်လုံးအဆင်ပြေပါ့မလားလို့တွေးမိလေတော့ စိတ်ပူပန်မှုတွေက ရှောင်းကျန့်ကိုကောင်းစွာနှိပ်စက်တယ်။ စုံစမ်းခိုင်းရအောင်လည်း သူတို့အဖွဲ့ဝင်တွေက တရုတ်မှာမနေကြတော့ပဲ ဂျပန်ကိုသာအကုန်ပြန်ရွှေ့လာကြတာဖြစ်တယ်။

ရှောင်းကျန့်အဖွဲ့ရဲ့ခေါင်းဆောင်နေရာကို တရားဝင်အုပ်ချုပ်မှုယူပြီး ငါးနှစ်အကြာမှာ ဦးလေးဆုံးတယ်။ မကောင်းတဲ့အလုပ်လုပ်တဲ့သူတွေဆိုတော့ သေရင်လည်းမချိမဆန့်ပါပဲ။ အဖေ့လိုသေနတ်နဲ့အပစ်ခံရတာမျိုးမဟုတ်ပဲ ဦးလေးကအဆိပ်မိခြင်းသာ။ တစ်ဖက်ပြိုင်ဖက်အဖွဲ့ကလူတွေက ရှောင်းကျန့်အားကောင်းနေတာ ဦးလေးရဲ့ကူညီပေးမှုတွေကြောင့်လို့ မှတ်ယူပြီး သတ်ရခက်တဲ့ရှောင်းကျန့်ထက် ဦးလေးကိုလက်စဖျောက်လိုက်ကြခြင်း။ အဖေဆုံးတုန်းက ရှောင်းကျန့်က ကောင်းစွာလက်တုံ့မပြန်နိုင်ခဲ့ပေမယ့် ဦးလေးဆုံးတဲ့အခါကျ တစ်ဖက်အဖွဲ့ကို အဖွဲ့တစ်ခုလုံးအမြစ်ပြုတ်ခြေမှုန်းပစ်တဲ့အထိ သွေးကြွေးကိုသွေးကြွေးနဲ့ ပြန်ဆပ်ခဲ့တယ်။

ဦးလေးဆုံးပြီးနောက်ပိုင်း ဦးလေးစိုးရိမ်စွာ အမြဲတားမြစ်နေခဲ့တဲ့ တရုတ်ကကိစ္စကို ရှောင်းကျန့်ကအကောင်အထည်ပြန်ဖော်တယ်။ မူးယစ်နဲ့ပတ်သက်ရင်တင်းကြပ်လှတဲ့ဘေကျင်းမြို့မှာ ဘိန်းမှောင်ခိုလုပ်ဖို့အပြင် တရုတ်မြေမှာ သူတို့အဖွဲ့လှုပ်ရှားဖို့။ တစ်စထက်တစ်စကြီးမားလာတဲ့ရှောင်းကျန့်အဖွဲ့က နိုင်ငံတိုင်းမှာ အဖွဲ့ငယ်တွေရှိလာခဲ့တယ်။ အဲ့ဒီကရတဲ့ငွေမဲတွေနဲ့ ကုမ္ပဏီတွေထောင်ထားရုံသာမက ရှယ်ယာအမြောက်အမြားလည်းပါထားသေးတယ်။ အဖွဲ့ထဲကလူအချင်းချင်း သစ္စာရှိဖို့က အဖွဲ့ရဲ့နံပါတ်တစ်စည်းကမ်းပဲ။ ဒီလောကမှာ 23နှစ်အရွယ်ရှောင်းကျန့်က အသက်ငယ်ဆုံးယာကူဇာဂိုဏ်းခေါင်းဆောင်အဖြစ် ဂုဏ်သိက္ခာရှိစွာရပ်တည်လေတယ်။  Onozukaဆိုတဲ့နာမည်က ဒီလောကမှာရှိတဲ့ဂိုဏ်းတိုင်းရဲ့အထက်မှာရှိတယ်။

ဦးလေးဆုံးပြီးသုံးနှစ်အကြာ တရုတ်ကိုခြေပြန်ချချချင်း ရှောင်းကျန့်လုပ်ဖြစ်တဲ့နေရာက ဘယ်တော့မှမမေ့နိုင်ခဲ့တဲ့နေရာတစ်ခုဆီသွားဖို့။ ဒီနေရာမှာ ရှောင်းကျန့်ရွေးချယ်မှုက ရှစ်နှစ်အကြာတုန်းကခွဲခွာခဲ့ရတဲ့ကလေးတစ်ယောက်က ထိပ်ဆုံးကနေရာယူသွားတယ်။ သူကိုယ်တိုင်ထိုကလေးကို အိမ်ရှေ့ကနေပြန်ပေးဆွဲခဲ့တဲ့နေရာ။ ဒါပေမယ့် ထိုအိမ်ရှေ့ ခြေစုံထပ်ရပ်တော့ ပိတ်ထားတဲ့ခြံတံခါးကသာရှောင်းကျန့်ကို ကြိုဆိုလေတယ်။ သူ့စိတ်သဘောအရဆို အမြန်စုံစမ်းကြည့်ချင်ပေမယ့် တရုတ်မြေကိုခြေပြန်ချတာက ဒီကိစ္စတစ်ခုတည်းကြောင့်မဟုတ်ပဲ တခြားအရာတွေကပါပါနေလေတော့ ကိုယ်ရေးကိုယ်တာကိစ္စကို ရှောင်းကျန့်ကနောက်ကိုရွှေ့ထားရတယ်။

M A Z EWhere stories live. Discover now