21 (unicode)

7.6K 970 50
                                    

ချွေးစတို့ကိုသုတ်ဖယ်ပေးပြီးနောက် နဖူးပေါ်ကျနေတဲ့ဆံနွယ်စတို့ကို လက်နဲ့အသာသပ်ပေးလိုက်တော့ ခွေးပေါက်လေးတွေလိုမျိုး တအင်းအင်းတအဲအဲညည်းညူရင်း စောင်အောက်ကိုပိုတိုးဝင်သွားတော့တယ်။ ဘယ်လောက်တောင်များပင်ပန်းနေလို့ ဟောက်သံသေး‌သေးလေးတွေ ထွက်နေတာပါလိမ့်။ သူအရမ်းကိုနှိပ်စက်မိသွားတယ်ထင်တယ်။

အတွေးနဲ့အတူ အပြုံးတို့က နှုတ်ခမ်းပါးမှာကပ်ခိုပြန်တယ်။ နှိပ်စက်လိုက်မိတယ်ဆိုရင်လည်း ချိုမြိန်သောနှိပ်စက်ခြင်းပါပဲ။ အထက်တန်းပထမနှစ်သာရှိသေးပေမယ့် ဝမ်ရိပေါ်က အသက်ပြည့်ပြီးသားဆိုတာ သူသိတာမို့ အခုလိုရယူတဲ့‌နေရာမှာမတွန့်ဆုတ်လိုက်မိတော့တာပဲဖြစ်တယ်။

“ ငါ့ကိုဘာလို့များမမှတ်မိရတော့တာလဲ။ မေ့ပစ်လိုက်တာဆိုးလိုက်တာ။ 10နှစ်ဆိုတဲ့ကြာချိန်က မင်းမေ့ပစ်ဖို့အတွက် လုံလောက်သွားတာလား။ ငါကဒီအတိုင်း မင်းငယ်ဘဝကလူတစ်ယောက်အနေနဲ့ပဲ ကျန်ခဲ့တော့တာလား။ ဟား ... ဝမ်ရိပေါ်၊ မင်းဘယ်လောက်ဆိုးလဲဆိုတာ မင်းကိုယ်မင်းမသိတဲ့ပုံပဲ ”

စကားတွေဟာ နားဆင်သူမဲ့တယ်။
စားပွဲပေါ်ကမီးအိမ်အကူအညီနဲ့ အခန်းထဲကိုအလင်းပေးထားတဲ့မှိန်ပြပြမီးရောင်က ဝမ်ရိပေါ်ရဲ့စောင်မကူတဲ့မျက်နှာထက်ကိုဖြာကျတယ်။ ရှောင်းကျန့်လက်ထဲမှာ ဆော့ကစားခြင်းခံနေရတဲ့ဆံနွယ်စတို့က အိအိလေး။ ကလေးတွေရဲ့ဆံနွယ်စလိုမျိုး။ ပြီးတော့ အရင်တုန်းကကိုင်ခဲ့ဖူးသလိုမျိုးပဲ။ ဝမ်ရိပေါ်က ဘာတစ်ခုမှမပြောင်းလဲသွားသလိုမျိုးလို့ထင်ရပေမယ့် တကယ်ကတော့ပြောင်းလဲသွားတာတွေအများကြီး။ အဲ့ဒီပြောင်းလဲခြင်းတွေထဲမှာ သူ့ကိုမမှတ်မိတော့တာက ထိပ်ဆုံးကနေရှိတယ်။

ဒုတိယအကြိမ် စောင်ကိုသေချာခြုံပေးပြီးတဲ့နောက်မှာတော့ အခန်းထောင့်ကအဝတ်ချိတ်မှာချိတ်ထားတဲ့ အင်္ကျီအိတ်ကပ်ထဲကနေ ဆေးလိပ်ဘူးကိုယူလို့ ဝရန်တာဆီထွက်လာလိုက်တော့တယ်။ ည၁နာရီဆိုတဲ့အချိန်က အတွေးတွေဖြန့်ကျက်ဖို့အကောင်းဆုံးအချိန်လိုပဲ။ ဝရန်တာကနေ မျက်စိတဆုံးကြည့်လိုက်တော့ မြင်လိုက်ရတာက မှောင်မဲနေတဲ့လွင်ပြင်မဟုတ်ပဲ ပျောက်တိပျောက်ကြားမီးတွေလင်းနေတဲ့ရောင်စုံလွင်ပြင်ကိုပဲ။

M A Z EWhere stories live. Discover now