07 (unicode)

7.5K 1K 95
                                    

အခန်းထဲက တခြားကျောင်းသားတွေ အတန်းဆင်းသွားကြတဲ့အချိန် ရိပေါ်ပြတင်းပေါက်ဘောင်ပေါ်တက်ပြီး ခပ်ပေပေလေးထိုင်နေခဲ့တယ်။ ဒီနေရာကနေဆို ကျောင်းပေါက်ဝကို တန်းမြင်ရတယ်။

ဆရာရှောင်း !

ကျောင်းဆေးခန်းက ဆရာဝန်မရဲ့မျက်နှာကို ခပ်ရဲရဲလေးဖြစ်စေတဲ့ တရားခံက ပြုံးယောင်ယောင်နှုတ်ခမ်းပါးပိုင်ရှင် ဆရာရှောင်းပဲ။ ရိပေါ်စိတ်ထဲကနေ ‘ယိ ယိ’လို့သာဆဲလိုက်တယ်။ ရိပေါ်ကိုအတန်းရှင်းဖို့ဘာညာခိုင်းသွားတဲ့ ဆရာရှောင်းက သူကိုယ်တိုင်ကျ တော်ကီဖုတ်ရင်းနဲ့ ကျောင်းကနေထွက်သွားတယ်။ ကောင်းပါပေ့ ကောင်းပါပေ့။

မျက်နှာကိုမဲ့ပစ်လိုက်ရင်း ပြတင်းပေါက်ဘောင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ အမြဲအတူရှိပေးတဲ့Ryuကလည်း ဒီညနေကျ သူ့အိမ်ကနေဖုန်းဆက်ခေါ်လို့ ပြန်သွားရတယ်။ အခုတော့ ရိပေါ်တစ်ယောက်တည်း အတန်းရှင်းရတော့မယ်။ မရှင်းပဲနေပစ်လိုက်လို့ရပေမယ့်လည်း ရိပေါ်ကအဲ့လောက်ထိ တာဝန်မဲ့တဲ့သူလည်း မဟုတ်ပြန်ဘူး။

“ လုပ်ထားလိုက် ဆရာရှောင်း။ လုပ်ထားလိုက်။ ခင်ဗျားက ဆရာဖြစ်နေတော့လည်း အထက်စီးကနေ လုပ်သာလုပ်နေလိုက် ”

ခုံတွေကိုဆွဲပြီး ဆောင့်ဆောင့်အောင့်အောင့်စီနေရင်းကနေ ရှောင်းကျန့်ကိုလည်းမေတ္တာပို့နေလိုက်တယ်။ တကယ်ကိုစိတ်လေပါတယ်။ သူကဘာလို့ ဒါတွေလာလုပ်နေရတာလဲ။

ခုံတွေကိုစီပြီးတာနဲ့ အမှိုက်တွေသိမ်းရတယ်။ ကျောင်းသားတွေကလည်း စည်းမရှိကမ်းမရှိပဲ။ အမှိုက်တွေက ခုံတွေပေါ်ရော။ ကြမ်းပြင်တွေပေါ်ရော။ ရှင်းနေရင်းကနေ ဘယ်သူထိုင်တဲ့ခုံ၊ ဘယ်သူ့နားကအမှိုက်ဆိုပြီး မှတ်ထားလိုက်တယ်။ မနက်ဖြန်ကျ အဲ့ကောင်တွေသေပြီသာမှတ်။

ရှင်းလင်းသွားတဲ့အတန်းကို ကျေနပ်သလိုကြည့်ပြီးတာနဲ့ ရိပေါ်လွယ်အိတ်ယူလိုက်ပြီး အတန်းထဲကနေ ထွက်ဖို့လုပ်တယ်။

“ ဟာ... shit! သေလိုက်ပါတော့ ”

တံခါးကိုအပြင်ကနေ လော့ခ်ချသွားတာဖြစ်တယ်။ ကြည့်ရတာ ရိပေါ်အနောက်ဖက်မှာ အမှိုက်တွေကုန်းရှင်းနေတုန်း လုံခြုံရေးဦးလေးကြီးက လူမရှိဘူးမှတ်ပြီး ပိတ်သွားတာဖြစ်မယ်။

M A Z EWhere stories live. Discover now