04 (unicode)

8.5K 1K 40
                                    

" ခါးကအဆစ်လွဲသွားတာပဲ "

ကျောင်းဆေးခန်းကဆရာမရဲ့စကားကြောင့် ဆရာရှောင်းက ခပ်ပေပေလေးလက်ပိုက်ရပ်နေတဲ့သူ့ကိုလှမ်းကြည့်လာတယ်။ အဲ့ဒီအကြည့်တွေက မင်းကြောင့်ဖြစ်တာ မင်းငါ့ကိုဘာလို့မတောင်းပန်သေးတာလဲ ခုတောင်းပန် မင်းအပြစ်မင်းသိ ဆိုတဲ့ အကြည့်မျိုး။

အချိန်ခဏ‌လေးအတွင်းမှာပဲ ရိပေါ်က လူသားအမူအယာဖော်စက်ဖြစ်သွားတယ်။ ရှောင်းကျန့်မျက်နှာပေါ်ကအရိပ်အယောင်တွေကိုကြည့်ပြီး ဒီအမူအယာကဘာ ဟိုအမူအယာကတော့ဘာပါဆိုပြီး ရိပေါ်ကတထစ်ချဆုံးဖြတ်ပစ်လိုက်တော့တယ်။

" ပထမဆုံးကျောင်းလာရက်မှာမှ ဖြစ်ရတယ်လို့ဆရာရှောင်းရယ် "

ရှောင်းကျန့်ရဲ့မအီမသာရုပ်ကိုကြည့်ပြီး ဆရာဝန်မကတခစ်ခစ်နဲ့ အပျိုဖြန်းလေးလိုမျိုး ပဲတွေထည့်ပြီးမခို့တရို့ရယ်လေတယ်။ ရိပေါ်ကဆရာမရဲ့အဲ့အမူအယာကို‌တွေ့တော့ အော့အန်တဲ့ပုံမျိုး Ryuကိုလှည့်ပြီးလုပ်ပြတယ်။

ဘယ်သူမှမတွေ့လောက်ဘူးတွေးပြီး သူ့သူငယ်ချင်းကိုပဲအဲ့လိုလှည့်လုပ်ပြလိုက်လားမသိပေမယ့် ရှောင်းကျန့်ကတော့မြင်ဖြစ်အောင် မြင်သွားသေးတယ်။ 18နှစ်အရွယ်ကောင်လေးရဲ့အမူအယာက ဖြူစင်ပြီးတော့ကလေးဆန်လွန်းတယ်။ စိတ်ထဲရှိရာကို ပွင့်ပွင့်လင်းလင်းထုတ်ပြတာတွေ ရှောင်းကျန့်ကသိပ်ကြိုက်တာ။

" ကျွန်တော်လမ်းလျှောက်နိုင်ပါ့မလား ဆရာမ "

ရည်ရွယ်ချက်ရှိရှိ မေးပစ်လိုက်ပြီး ကောင်လေးကိုလှမ်းကြည့်လိုက်တယ်။ ရှောင်းကျန့်ကြိုတွေးထားသလိုမျိုးပဲ ရိပေါ်ကသူ့အမေးကိုကြားတော့ မျက်လုံးကအပေါ်ပင့်ပြီးနှုတ်ခမ်းကမဲ့ကျတယ်။ အပိုတွေမေးနေတာဆိုပြီး ပြောချင်တဲ့အမူအယာမျိုး။

တိုက်ဆိုင်စွာပဲ ဆရာမက ရှောင်းကျန့်ရဲ့လွှမ်းမိုးမှုအောက်‌ရောက်နေတယ်။ အကြည့်တွေကလက်နေပြီး ရှောင်းကျန့်အမေးကိုချက်ချင်းပြန်မဖြေနိုင်သေးပဲ မျက်နှာကိုငေးမောနေတယ်။ ရှောင်းကျန့်ကအဲ့လိုအမူအယာကိုတွေ့တော့ ဟက်ခနဲရယ်မိမတတ်ပဲ။ မခြွေပဲနဲ့ညွှတ်ကျလာတတ်တာတွေကို ရှောင်းကျန့်ကမကြိုက်ဘူး။

M A Z EWhere stories live. Discover now