06 (unicode)

8.1K 1K 88
                                    

စာသင်တဲ့အသံက တစ်ချက်တစ်ချက် အပြင်ဆီရောက်လာတယ်။ ကြားရတဲ့အခါတိုင်းလည်း အဲ့ဒီပြေပြစ်တဲ့အသံက နားထဲကိုချောမွေ့စွာ ဝင်သွားတယ်။ ဒါကမကျေနပ်စရာပဲ။ စာသင်တဲ့အသံတစ်သံက ဒီလောက်နားထောင်ကောင်းနေစရာလိုနေလို့လား။

ရှောင်းကျန့် ... ။
ဒီလူကဘယ်လိုလူမျိုးလဲ။ ဆရာတစ်ယောက်ဟန်ပန်ရှိတယ်ဆိုပေမယ့်လည်း ရိပေါ်ကတော့ အဲ့ဒီလူကို ဆရာလို့မခံစားရဘူးဖြစ်နေတယ်။ တွေ့တာ နှစ်ရက်ပဲရှိသေးလို့များလား။

ခန္ဓာကိုယ်ကိုလျှောချထိုင်နေရာကနေ ပြန်ပြီးမတ်မတ်ပြင်ထိုင်လိုက်တယ်။ သမိုင်းကြောင်းတွေကိုသေချာရှင်းပြနေတဲ့အသံက နားထဲထပ်ဝင်လာပြန်တယ်။ ဘယ်မင်းဆက်ကဘယ်လို ဘယ်မင်းဆက်ကဘယ်လိုနဲ့။ ရိပေါ်နားနှစ်ဖက်ကို ဆွဲပိတ်ပစ်လိုက်တော့တယ်။

အသံမကြားရတော့မှ နှုတ်ခမ်းတစ်ဖက်တွန့်ပြီး ကျေနပ်စွာပြုံးလိုက်တယ်။ ချိုချိုအီအီအသံတွေကိုဆို နားကတကယ်ကိုလက်မခံနိုင်တာ။ နားထဲမလာနဲ့ ဝေးဝေးသွားနေလို့ အဲ့ဒီအသံတွေကို မောင်းထုတ်ပစ်ရမလိုပဲ။

ထို့နောက်မှာ တစ်ဆက်တည်းပဲ ကျောင်းဒါရိုက်တာလူကြီးကို အခန်းတွေအသံလုံအောင်ပြင်ဖို့ သွားပြောရမယ်လို့ ရိပေါ်စိတ်ထဲတေးမှတ်ထားလိုက်တယ်။ ဒီလိုသာ အထဲကအသံအပြင်‌ထွက်နေရင် ဘယ်အဆင်မပြေမလဲ။ စာသင်ခန်းဆိုတာ အသံလုံနေမှဖြစ်မှာ။

" မင်္ဂလာပါ ဆရာ။ နှုတ်ဆက်ပါတယ် "

နှုတ်ဆက်သံကြားတော့ မတ်မတ်ပြင်ထိုင်နေတဲ့ကိုယ်လုံးကို တမင်ပြန်လျှောချပစ်လိုက်တယ်။ ရိပေါ်ကိုကြည့်လိုက်တာနဲ့ အချိုးမပြေတဲ့ဟန်ပန်က ထင်းခနဲပေါ်နေအောင်ကို တမင်လုပ်ထားလိုက်တယ်။ ဒူးတစ်ဖက်ကိုထောင်ပစ်လိုက်ပြီး တခြားတစ်ဖက်ကိုလည်း ဖြဲကားပစ်လိုက်တယ်။ ဒီလောက်ဆို အချိုးမပြေတဲ့ဟန်ပန် ပေါ်နေပြီမလား။

" ကျောင်းသားရိပေါ် "

အဲ့ဒီခေါ်သံနောက်မှာ 'ဟုတ်ကဲ့ခင်ဗျာ'လို့ထူးမယ်များထင်နေလား။ ဝေးသေးတယ်။ လိမ္မာယဉ်ကျေးကျောင်းသားတွေထဲ ရိပေါ်ကမပါဘူး။ စိတ်ထဲရှိသလို ဆိုးသွမ်းနေရမှ ကျေနပ်တာ။ ထိုင်လျက်ကနေ သူ့ကိုငုံ့ကြည့်နေတဲ့ရှောင်းကျန့်ကို ‌ခပ်တွေတွေလေးမော့ကြည့်လိုက်ရင်း ..... ။

M A Z EDonde viven las historias. Descúbrelo ahora