17 (unicode)

7.9K 993 38
                                    

ဝမ်ရိပေါ်ကို အိမ်ခေါ်လာတုန်းက သောင်္ကြာနေ့ဆိုတာကို သတိမပြုမိတာအမှန်ပဲ။ အရာရာစေ့စပ်တဲ့ရှောင်းကျန့်က နောက်နေ့အိပ်ယာနိုးလာရင် နှစ်ယောက်အတူ ကျောင်းသွားကြမယ်လို့တွေးထားခဲ့တာပဲဖြစ်တယ်။ အခုတော့ အဲ့လိုမဟုတ်တော့ပဲ အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားရတယ်။ ဒီနေ့က ရှောင်းကျန့်ထင်ထားသလို သောင်္ကြာနေ့မဟုတ်ပဲ စနေနေ့ဖြစ်နေလေတယ်။

အဲ့တော့ ကျောင်းမသွားရလည်းဘာအရေးလဲလို့ တဖန်ပြောင်းတွေးတယ်။ ပြီးနောက် ဝမ်ရိပေါ်ကိုအိမ်မှာဆွဲထားမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ရှောင်းကျန့်ကတော့ သဘောကျတဲ့သူနဲ့အချိန်ကြာကြာရှိချင်တာပါပဲ။

ဒါပေမယ့် ဝမ်ရိပေါ်ရဲ့အခန်းတံခါးကိုသွားအခေါက်မှာ တံခါးနောက်ကပေါ်လာတဲ့ ခပ်တည်တည်မျက်နှာလေးကိုမြင်လိုက်ရတဲ့နောက် Dandelionပန်းတွေလေအတိုက်မှာလွင့်ကြွေသွားရသလိုမျိုး ရှောင်းကျန့်ရဲ့ဆုံးဖြတ်ချက်တွေလည်း စိတ်ကူးထဲမှာတင်လွင့်ပျောက်သွားရတာပဲ။ မနေ့ကလို နေရခက်စေတဲ့အခြေအနေကိုဖန်တီးလိုက်တဲ့သူက အဲ့ဒီဆုံးဖြတ်ချက်ကို ဘယ်အခွင့်အရေးနဲ့ချခွင့်ရှိမှာတဲ့လဲ။

လိင်ပိုင်းဆိုင်ရာအရကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ဆရာတစ်ယောက်လို့တောင် အထင်လွဲနေလောက်ပြီ။ တကယ်ဆို သူစိတ်အလိုကို မလိုက်ခဲ့သင့်ဘူး။

“ မနက်စာစားဖို့လာခေါ်တာ ”

“ မစားတော့ဘူး။ ကျွန်တော်အိမ်ပြန်တော့မယ် ”

ကျောင်းဝတ်စုံကိုပြန်ဝတ်ထားရုံသာမက လွယ်အိတ်ကိုပါ ပုခုံးတစ်ဖက်ချိတ်ထားရုံလွယ်ထားတဲ့ဝမ်ရိပေါ်က မျက်နှာထားလေးကခပ်တည်တည်လေး။ စကားပြောနေစဉ်တစ်လျှောက်လည်း ရှောင်းကျန့်ကိုအကြည့်လေးတစိုးတစိမျှစွန့်ကြဲလာခြင်းမရှိဘူး။ သူ့လုပ်ရပ်က ဝမ်ရိပေါ်ကို ဒီလောက်ထိတောင် ခါးခါးသီးသီးဖြစ်သွားစေတာလား။

“ နည်းနည်းလေးဖြစ်ဖြစ်တော့ စားပါလား။ ဘာအစာမှမရှိရင် ဗိုက်အောင့်နေဦးမယ် ”

ကိုယ်ကမှားထားသူပဲမို့ ထိုမျက်နှာတော်နုနုပျော့ပြောင်းလာစေရန်အတွက် လေ‌ပြေသွေးရပြန်တယ်။ အရင်ကတော့ ဝမ်ရိပေါ် ဒီလောက်ထိမာနကြီးလိမ့်မယ်လို့ ရှောင်းကျန့်မထင်ခဲ့ဘူး။ မာနကြီးတယ်ဆိုတာသိပေမယ့် ဒီလောက်ကြီးတယ်မထင်တာ။ အခုတော့ ရှောင်းကျန့်ဘယ်လိုပင်‌လေပြေသွေးသွေး ထိုမျက်နှာတော်နုနုကပျော့ပြောင်းလာခြင်းမရှိဘူး။ တစ်ချက်လေးမှပင် ကြည့်မလာတာက သက်သေပါပဲ။

M A Z EWhere stories live. Discover now