လူတစ်ယောက်ကကိုယ့်ကိုယုံကြည်ပေးတယ်ဆိုတာက ဘယ်လောက်တောင်ပဲအင်အားကြီးပြီးလွှမ်းမိုးနိုင်စွမ်းရှိလဲဆိုတာ ရှောင်းကျန့်သေချာမသိပေမယ့်လည်း ‘ကောကောကိုယုံတယ်’ဆိုတဲ့ ထိုကလေးရဲ့စကားကတော့ ရှောင်းကျန့်စိတ်ကို တော်တော်လေးကိုလှုပ်ရှားစေတယ်။ မပြန်ရဲဘူးဆိုတဲ့ကလေးကို သေချာပေါက်ကိုပဲ ရှောင်းကျန့်ကလည်းအိမ်ကိုပြန်မပို့ခဲ့ဘူး။ အဲ့သလိုပဲ ထိုကလေးကလည်း အိမ်ပြန်ဖို့ကိုတစ်ခွန်းမှကိုမဟ။
“ အနီနဲ့အနက်နဲ့ပဲကျစ်ရတာလား ”
“ မဟုတ်ဘူးလေ။ သားကအနီနဲ့အနက်ကြိုက်လို့ အဲ့ဟာကိုပဲကျစ်တာလို့ ”
“ ဒါဆို ထပ်ကျစ်ရင်ရော အနီနဲ့အနက်ပဲကျစ်မှာလား ”
“ ဟုတ်။ ကျိန်းသေပေါက်ကို အနီနဲ့အနက်ပဲပေါ့ ”
ကြိုးတွေကိုဆရာကျစွာနဲ့ လိမ်ကျစ်နေတဲ့ထိုကလေးရဲ့ဆံပင်အုပ်အုပ်လေးကိုဖွပြီးတာနဲ့ ရှောင်းကျန့် အနောက်ဖက်ကိုထထွက်လာလိုက်တယ်။ စိတ်ဝင်စားစရာကောင်းပြီး စိတ်ငြိမ်စေတဲ့ပညာရပ်တစ်ခုကို သူလည်းသင်ယူချင်တယ်။
“ ဘာမှမပြောနဲ့! ငါပြောတာအရင်နားထောင်။ အနီနဲ့အနက်ပိုးကြိုးတွေ သုံးကိုက်လောက်စီဝယ်လာပေးစမ်းပါ။ အခန်းရှေ့ပဲထားထားခဲ့။ ဘဲတွေဘာတွေတီးမနေနဲ့နော်။ messageအတိုလေး ပို့ပေးထားရင်ပဲရပြီ ”
“ ..... ”
“ ရှာနေကြပြီဆိုတာ ငါသိပါတယ်။ အဲ့လိုရှာတိုင်း တွေ့မှာတဲ့လား။ သဲလွန်စတွေအကုန်ဖျောက်ထားတာပဲကို ”
“ ...... ”
“ သွားမယ့်ရက်လည်းငါသိတာမို့ မင်းပါးစပ်လေးသာပိတ်ထားပေး။ ဟုတ်ပြီလား ”
ဦးလေးထားပေးထားတဲ့ သူ့အတွက်လူယုံက ရှာဖွေတာတော်ပေမယ့် သိပ်ကိုပစိပစပ်များလွန်းတယ်။ မလိုအပ်ပဲသူ့အတွက် ပူပန်ပေးနေတာမျိုးတွေ ရှောင်းကျန့်ကသိပ်ကြိုက်တာမဟုတ်ဘူး။ အခုလည်း စကားများနေတာမို့ ဆက်နားမထောင်တော့ပဲ ဖုန်းသာပိတ်ချလိုက်တော့တယ်။
ဖက်ထုပ်လုံးကိုပြန်ပေးဆွဲတဲ့ကိစ္စမှာ စလယ်ဆုံးက သူ့စနက်ကြီးပဲမို့ ‘ဘာမှလုပ်ဖြစ်တော့မှာမဟုတ်ဘူး’ဆိုတဲ့ သူ့စကားတစ်ခွန်းကိုလည်း ဦးလေးကလွယ်လင့်တကူပဲလက်ခံပေးလာတယ်။ ဂျပန်သွားမယ့်ရက်ကိုပြောပြီး ကိစ္စတွေကိုအပြီးသတ်ဖို့လည်း ကတိပေးထားတာမို့ အခုအခိုက်အတန့်မှာ ရှောင်းကျန့်ပျော်ရွှင်ရတယ်ဆိုရင်တောင် သိပ်ပြီးအချိန်ဆွဲနေလို့မဖြစ်ပါ။
YOU ARE READING
M A Z E
FanfictionYou're my MAZE ! I can't escape from you. 『 From 26.7.2020 To 7.11.2020 』