05 (unicode)

8.4K 1K 78
                                    

မနေ့ကဖြစ်သွားတဲ့ကိစ္စက သာမာန်လို့ပဲထင်နိုင်စရာရှိပေမယ့် အထက်တန်းကျောင်းသားတွေရဲ့ group chatမှာတော့ ပြောစရာတစ်ခုရသွားကြတယ်။ တတောင်တောင်တတင်တင်တက်လာတဲ့နိုတီသံတွေနဲ့အတူ စာတွေကဝရုန်းသုန်းကားပဲ။

- ဝမ်ရိပေါ်ရဲ့ဆရာအသစ်ကိုတိုက်ခိုက်မှု -

- ဝမ်ရိပေါ်ကြောင့် ဆရာအသစ် ခါးထိခိုက်သွားခြင်း -

- တော်ရုံထိခိုက်တာမဟုတ်ပဲ ကျိုးတဲ့အထိထိခိုက်သွားခြင်း -

- ဝမ်ရိပေါ်က ကျောင်းသားတွေနဲ့တိုက်ခိုက်ဖို့ကိုအာရုံမလာတော့ပဲ ဆရာတွေဖက်အာရုံလှည့်သွားခြင်း -

စသည်စသည်ဖြင့် topicတွေကအမျိုးမျိုးပြောင်းနေတယ်။ ထူးဆန်းစွာပဲ ဝမ်ရိပေါ်နဲ့သက်ဆိုင်တဲ့ အဲ့ဒီစကားဝိုင်းထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေကပါ တက်ကြွစွာပါဝင်နေကြတယ်။

မိန်းကလေးတွေက ဝမ်ရိပေါ်ကိုသဘောကျလို့ပြောကြတာဆို ယောကျာ်းလေးတွေကတော့ ဝမ်ရိပေါ်ကို အားကျလို့ပဲဖြစ်မယ်။ နေ့ရက်တိုင်းကြိုက်သလိုဖြတ်သန်းနိုင်တဲ့ရိပေါ်ရဲ့ဘဝကလည်း သူတို့အားကျလည်းအားကျချင်စရာပဲ။

" ဟေး အဲ့ဒီဆရာ မလား "

လက်ရှည်အဖြူကို တံတောင်ဆစ်ထိခေါက်တင်ထားပြီး စတိုင်ပန့်ထဲထည့်ဝတ်ထားတဲ့ဟန်ပန်က အရှိန်အဝါကြီးတဲ့လူတစ်ဦးအသွင်ပဲ။ မျက်မှန်အောက်ကမျက်ဝန်းအစုံက စူးစူးရဲရဲ။ ကျောင်းသူတွေဆိုကြည့်ပြီးပါးစပ်အဟောင်းသားဖြစ်နေကြတယ်။

ဝမ်ရိပေါ်ရဲ့နှိပ်စက်မှုကိုခံရတဲ့ဆရာတစ်ယောက်က ဒီလောက်ထိချောမောနေမယ်လို့မထင်ထားမိဘူး။ ကြည့်ပါဦး ရှည်လျားတဲ့ခြေတံလက်‌တံတွေက... မဟုတ်မှ နတ်သက်ကြွေလာတာလား။

တချို့ကျောင်းသားတွေကျ အကောင်းအတိုင်းရှိနေတဲ့ခါးကိုလှမ်းကြည့်ပြီး ဇဝေဇဝါဖြစ်ကုန်ကြတယ်။ ပြောတော့ ခါးကျိုးတယ်ဆို ! လူတွေကတကယ်ချဲ့ကားပြောကြတာပဲ။

" မင်းတို့တွေကြည့်ရတာ ဆရာ့ကိုအရမ်းအာရုံစိုက်နေတဲ့ပုံပဲ၊ မေးချင်တာရှိလို့လား "

M A Z EWhere stories live. Discover now