တိုက်ရဲ့ငါးလွှာမြောက်ကိုတက်ပြီးတဲ့နောက်မှာတော့ ရိပေါ်ကိုယ့်ကိုကိုယ်တောင် မသယ်ချင်တော့လောက်အောင် ပင်ပန်းသွားရတယ်။ ရှောင်းကျန့်က နေ့စဉ်နေ့တိုင်းတက်နေကျမို့ ဘာမှမဖြစ်တဲ့ပုံပဲ။ တံခါးpasswordကို ခပ်သာသာရိုက်နှိပ်နေလေတယ်။
“ ဓာတ်လှေကားရှိတဲ့တိုက်ခန်းမှာနေတာမဟုတ်ဘူး ”
ရိပေါ်ကပျင်းရိပျင်းတွဲလေသံလေးနဲ့ပြောလိုက်တာဖြစ်တယ်။ တံခါးဖွင့်ပြီးသွားတဲ့ရှောင်းကျန့်က ရိပေါ်အထဲဝင်ဖို့အတွက် လမ်းဖယ်ပေးရင်းကနေ ရိပေါ်မျက်နှာကိုတချက်ကြည့်ပြီး အမေးပြန်ထုတ်တယ်။
“ မတက်နိုင်လို့လား ”
“ မတက်နိုင်တာထက် ကျွန်တော်က လှေကားတွေမကြိုက်တာ ”
ရှောင်းကျန့်ကခေါင်းတစ်ချက်ဆတ်တယ်။ ရိပေါ်ပြောတာကို သေချာအလေးအနက်ထားတဲ့ပုံစံနဲ့။ ဘာရယ်ညာရယ်မဟုတ်ပေမယ့်လည်း ထိုပုံစံကိုကြည့်ပြီး ရိပေါ်ကကျေနပ်ရပြန်တယ်။ ကိုယ့်စကားကိုအရေးစိုက်ပြီးနားထောင်ပေးတာမျိုးဆိုရင် ရိပေါ်ကအပြင်မှာထုတ်မပြတတ်ပေမယ့် စိတ်ထဲမှာတော့ ကျေနပ်နေတတ်တယ်။
“ ရှာကြည့်လိုက်ပါဦးမယ်။ ကျောင်းနဲ့ဝေးလို့ ငါလည်းပြောင်းဖို့စဉ်းစားနေတာဆိုတော့ ”
“ အင်း။ ခင်ဗျားသဘောလေ။ ကျွန်တော်ကဒီတိုင်းပြောရုံပဲ ”
“ ဝမ်ရိပေါ်သဘောက ငါ့သဘောပဲလေ ”
ဒီလိုစကား ဒီလိုလေသံ။
အခုနောက်ပိုင်းမှာ ခဏခဏကြားလာရတာဆိုပေမယ့် ရိပေါ်ကအခုထိနားမယဉ်နိုင်သေးဘူး။ အဲ့ဒီလေသံနဲ့ပြောဆိုပုံကိုကြားလိုက်တိုင်း ထိတ်ခနဲဖြစ်ဖြစ်သွားတာကိုလည်း မထိန်းနိုင်သေးဘူး။ ထူးဆန်းလာတယ်ဆိုတာသိပေမယ့် အဲ့ဒီထူးဆန်းနေတာကိုလည်း ရိပေါ်ကမရှာဖွေချင်သေးဘူး။အဲ့ဒီတော့ ထိုစကားကိုမကြားချင်ယောင်သာဆောင်ပစ်လိုက်ရင်း တိုက်ခန်းထဲကိုပဲလှည့်ပတ်ကြည့်နေလိုက်တော့တယ်။ သူ့ပုံစံက ချစ်သူရည်းစားအခန်းကို စူးစမ်းနေတဲ့သူတစ်ယောက်အသွင်နဲ့တူနေမလားမသိပေမယ့် ရိပေါ်ကအခုချိန်မှာ သူ့အကြည့်တွေကို ရှောင်းကျန့်ဆီမှာရှိနေမှာထက်စာရင် အခန်းတွင်းပဲဝေ့ဝဲထားတာပိုကောင်းတယ်လို့ တွေးလိုက်မိတယ်။
YOU ARE READING
M A Z E
FanfictionYou're my MAZE ! I can't escape from you. 『 From 26.7.2020 To 7.11.2020 』