10 (unicode)

7.4K 979 65
                                    

ကားပေါ်ရောက်တော့ လေအေးရနံ့က နှာခေါင်း‌ဆီ ကလူကျီစယ်တယ်။ ပထမတစ်ခါစီးတုန်းက‌ သတိထားမကြည့်လိုက်မိတဲ့ dashboardပေါ်က ဓာတ်ပုံအတိုအထွာလေးတွေနဲ့  နောက်ကြည့်မှန်မှာချိတ်ဆွဲလို့ထားတဲ့ လက်ပတ်တစ်ခုကိုလည်း တွေ့လိုက်ရတယ်။ အမဲကြိုးနဲ့အနီကြိုးကို ရောပြီးကျစ်ထားတဲ့လက်ပတ်ကြိုးအလိမ်ကျစ်ကြိုးလေးက အလယ်ကကွင်းသေးသေးလေးရဲ့ တစ်ဖက်တစ်ချက်ဆီကနေ သွယ်တန်းပြီးကျစ်ထားတာဖြစ်တယ်။

ဘာရယ်မဟုတ် ငေးကြည့်နေပြီးမှ ပြင်ဆိုင်ကိုဖုန်းဆက်ပြီး ကားပေါ်တက်လာတဲ့ရှောင်းကျန့်ကိုမြင်လိုက်တော့ အကြည့်တွေလွှဲပစ်လိုက်တယ်။ ဒါတောင် အာရုံက ပြန့်ကျဲနေတဲ့ဓာတ်ပုံတွေထဲကတစ်ပုံဆီမှာ ကပ်ငြိသွားသေးတယ်။

ပုံကသေချာမြင်ရတဲ့ပုံတောင်မဟုတ်ဘူး။ ဓာတ်ပုံမျက်နှာပြင်တစ်ခုလုံးက ရွှေအိုရောင်ချည်းပဲ။ ဆံပင်လို့တော့ ရိပေါ်ထင်လိုက်ပေမယ့် သေချာလည်းမမြင်ရတာမို့ ဝေခွဲမရပြန်ဘူး။

“ ကြိုက်လို့လား ”

အဆုံးမရှိ အစမရှိနဲ့ထွက်လာတဲ့စကားက ဘာကိုရည်ရွယ်မှန်းမသိတာမို့ မျက်နှာလွှဲထားရာကနေ ရှောင်းကျန့်ကိုပြန်ကြည့်လိုက်မိတယ်။ အဲ့ကျမှ ဘာကိုဆိုလိုလဲဆိုတာနားလည်သွားတယ်။ ရိပေါ်က လက်ပတ်ကိုကြည့်နေတဲ့အပေါ် ရှောင်းကျန့်ကကြိုက်လို့ကြည့်နေတယ်လို့ဘာသာပြန်လိုက်တဲ့ပုံပဲ။

မှန်မှာ ချည်ထားတဲ့ကြိုးကိုဖြည်ပြီး ရိပေါ်ကိုပြုံးကြည့်လာတယ်။ အမြဲတမ်းပြုံးနေတာပဲ အဲ့ဒီလူက။

“ ယူမလား။ မင်းနဲ့လိုက်မှာ ”

“ ရှုပ်ရှုပ်ယှက်ယှက်တွေ။ မယူဘူး ”

ဒီလောက်ဆို အငြင်းဝါကျဖြစ်နေပြီလို့တော့ ရိပေါ်ကတော့ထင်တာပဲ။ ဒါကိုရှောင်းကျန့်က စကားရဲ့အဓိပ္ပါယ်ကိုနားမလည်တာလား။ ပေါင်ပေါ်တင်ထားတဲ့လက်ကိုဆွဲယူပြီး လက်ပတ်ကိုပတ်ပေးနေတယ်။ မျက်လွှာချထားလို့မြင်နေရတဲ့ မျက်တောင်ရှည်ရှည်တွေနဲ့ နှာတံခပ်မြင့်မြင့်ကိုကြည့်ပြီး ရိပေါ်ကဒီလူ့ရဲ့လုပ်ချင်ရာလုပ်တတ်တဲ့စိတ်ကို သဘောမကျထပ်ဖြစ်လာရပြန်တယ်။

M A Z EWhere stories live. Discover now