19 (unicode)

7.3K 907 27
                                    

ဒီနေ့ကျောင်းဆင်းတော့ ဦးလေးကလာကြိုတယ်။ အသိပေးပြီးလာကြိုတာမျိုးမဟုတ်ပဲ ကင်မရာရပြီဆိုတာပြောချင်လို့လာကြိုတာဖြစ်တယ်။ အိမ်မှာပေးရင် ပါးသိမှာဆိုးလို့ဆိုတဲ့ ဦးလေးရဲ့စိတ်ပူပေးမှုကို ရိပေါ်ကကျေးဇူးတင်မိတယ်။ ပါးသာသိရင် မလိုအပ်ပဲ စကားအများကြီးပြောနေရဦးမှာ။

ကင်မရာအပ်လိုက်တုန်းက တစ်ပတ်လောက်ကြာမှာလို့ ဦးလေးပြန်ပြောလာတော့ အတော်ကြာတာပဲလို့တွေးခဲ့မိတဲ့ရိပေါ်က အခုတော့မြန်လှချည်လားလို့တွေးမိပြန်တယ်။ တကယ်ကိုမြန်တာပဲ ... တစ်ပတ်ဆိုတာက ဘာမှန်းမသိပဲကုန်သွားသလိုမျိုး။

ကင်မရာထည့်ထားတဲ့အိတ်ကို ပေါင်ပေါ်တင်ကိုင်ထားရင်း ရိပေါ်ရဲ့စိတ်ကမငြိမ်မသက်။ လက်ပတ်တုန်းက ရှောင်းကျန့်ပေးတာနဲ့တူလို့ အတွေးတွေကရှောင်းကျန့်နဲ့နွယ်ပြီး မဟုတ်တာတွေတွေးမိသွားပေမယ့် အခုကင်မရာကိုတော့ ရှောင်းကျန့်နဲ့လုံးဝမဆိုင်ဘူးလို့တွေးပစ်ထားတာပဲဖြစ်တယ်။ အခုစိတ်လှုပ်ရှားနေတဲ့ အကြောင်းပြချက်ကတစ်ခုတည်းပဲ။

မေ့နေတဲ့ငယ်ဘဝအတိတ်တွေနဲ့ ဒီကင်မရာထဲမှာရှိနေမယ့်ပုံတွေနဲ့က ဘာများဆက်စပ်နေလဲလို့တွေးမိပြီးစိတ်လှုပ်ရှားနေခြင်းမျိုး။

ကားကခြံထဲဝင်တော့ စက်ရှိန်သတ်နေတာတောင် စောင့်မနေနိုင်တော့ပဲ တံခါးဖွင့်လို့ပြေးဆင်းမိတော့တယ်။ ကားပေါ်ကပြေးဆင်းရုံတင်မကသေးပဲ အိမ်ပေါ်ကိုလည်းပြေးတက်တာပင်ဖြစ်တယ်။ ဖိနပ်ချွတ်မှာရပ်စောင့်နေတဲ့မားကိုတွေ့ကာမှပဲ ကိုယ်ဟန်ကိုအရှိန်သတ်လိုက်ရတယ်။ သိချင်စိတ်နဲ့စိတ်လှုပ်ရှားခြင်းတွေက သူ့ကိုအိန္ဒြေမရအောင် စွမ်းဆောင်နေတယ်။

“ သား ... ဖျော်ရည် ”

“ ဟုတ်ကဲ့ မား။ ကျေးဇူး ”

အခုရက်ပိုင်းမှာ သူနဲ့မားနဲ့ဆက်ဆံရေးက အရင်ကလောက်မဆိုးတော့ဘူး။ မားကလည်းအရင်ကလိုအလုပ်တွေပဲဖိလုပ်ပြီး သူ့ကိုပစ်ထားတာမျိုးမဟုတ်တော့ပဲ အလုပ်တွေအကုန်နားထားကာ သူ့တစ်ယောက်တည်းကိုသာ အာရုံစိုက်နေတာဖြစ်တယ်။ ငယ်ငယ်ကမှားခဲ့တဲ့အမှားတွေအတွက် ဒီလိုအရာတွေနဲ့ပြန်တာဝန်ယူနေတယ်ဆိုတာသိပေမယ့်လည်း မားကိုသူ့အတွက်ပဲရှင်သန်မနေစေချင်ပါ။ နောက်ကျမှအေးဆေးပြောပါဦးမယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း သူ့ကိုနည်းနည်းပဲဂရုစိုက်ပေးလို့ရပါကြောင်း၊ အလုပ်တွေအကုန်ပစ်ထားပြီး အချိန်တိုင်းဂရုစိုက်ပေးနေစရာမလိုကြောင်းတွေကိုပေါ့။

M A Z EDonde viven las historias. Descúbrelo ahora