16 (unicode)

8.2K 990 94
                                    

ကိုယ်လက်သန့်စင်ပြီးနောက် ရှောင်းကျန့်လာပေးထားတဲ့အဝတ်တွေကိုဝတ်ဆင်ပြီး အခန်းထဲကနေရိပေါ်ထွက်လာလိုက်တယ်။ လေထဲပျံ့လွင့်နေတဲ့ မွှေးပျံ့ပျံ့ရနံ့တွေက သူ့အစာအိမ်ကို လာပြီးစိန်ခေါ်နေသယောင်။ နှုတ်ခမ်းတစ်ချက်သပ်လိုက်မိတဲ့နောက် သူဘယ်လောက်တောင်ဆာလောင်နေကြောင်း ကိုယ့်ကိုကိုယ်သိသွားရတယ်။ တိုက်ခိုက်ထားတာမို့ ကိုယ်လက်တွေကပါ ညောင်းညာကိုက်ခဲနေသေးတယ်။

“ ဘာတွေချက်နေတာလဲ ”

မီးဖိုးချောင်ထဲကရှောင်းကျန့်မှာလည်း ရေချိုးပြီးသွားတဲ့အသွင်အပြင်ပါပဲ။ ပြန်လာတုန်းကဝတ်စုံမဟုတ်တော့ပဲ ဆွယ်တာပွပွတစ်ထည်နဲ့ ညဝတ်ဘောင်းဘီခပ်ပွပွတစ်ထည်ကို လိုက်ဖက်လှစွာဝတ်စားထားတယ်။ အဲ့ကျမှ ထူးခြားနေမှုတစ်ခုကို ရိပေါ်သတိပြုမိသွားတယ်။ ရှောင်းကျန့်က ရည်ရွယ်ချက်ရှိရှိနဲ့ အင်္ကျီလာထုတ်ပေးခဲ့တာပဲ။ နှစ်ယောက်သားရဲ့ဘောင်းဘီကဆင်တူဖြစ်နေလေတယ်။ ရိပေါ်လည်း ဘောင်းဘီကိုတွန့်လိုက်ခြေလိုက်လုပ်နေရင်းကနေ ထမင်းစားပွဲမှာဝင်ထိုင်လိုက်တော့ ရှောင်းကျန့်က သူ့ကိုခေါင်းလေးစောင်းပြီးလှည့်ကြည့်လာတယ်။

“ ကြက်သားလေးကိုပါးပါးလေးလှီးပြီး အသီးအရွက်တွေနဲ့ ရောကြော်ထားတာ။ ပြီးတော့ ဟင်းချိုလည်းရှိတယ်။ အများကြီးတော့မပြင်တော့ဘူး။ အချိန်ကြာမှာဆိုးလို့ ”

“ နံနံပင်လေးပါထည့်ကြော်လိုက်ပါလား ”

“ ကြိုက်တာလား ”

“ အင်း ”

ရှောင်းကျန့်ကဘာတစ်ခွန်းမှပြန်မပြောလာပေမယ့် ရေခဲသေတ္တာထဲက နံနံပင်အစည်းကိုယူပြီး ရေဆေးကာ ကပ်ကြေးနဲ့ညှပ်လေတယ်။ ညှပ်ပြီးသွားတဲ့နံနံပင်တွေကိုအိုးထဲထည့်ကာ စတင်ပြီးကြော်လေတော့တယ်။ ပြောလိုက်တာကို ချက်ချင်းကြီးလုပ်လာပေးမယ်မထင်တာမို့ ရိပေါ်ကခဏတော့ကြောင်အသွားရတယ်။

“ အယ် ခင်ဗျားကြိုက်လားလို့မမေးမိဘူး ”

“ ဧည့်သည်အကြိုက် လိုက်ရမှာပေါ့။ ပြီးတော့ ဝမ်ရိပေါ်ကြိုက်တာမို့ ငါလည်းကြိုက်အောင်လုပ်ထားရမယ်‌လေ ”

M A Z EWhere stories live. Discover now