22 (unicode)

6.2K 830 26
                                    

ရှောင်းကျန့် ဒီရက်ပိုင်းမှာ အဖေနဲ့မျက်နှာချင်းမဆိုင်ရလို့ အရမ်းကိုစိတ်ပေါ့ပါးပြီးပျော်ရွှင်နေတာပဲဖြစ်တယ်။ ဒီလိုသာမျက်နှာချင်းမဆိုင်ရကြေးဆို အဖေအမြဲအလုပ်ရှုပ်နေပါစေလို့ ထိုင်ဆုတောင်းနေမိမှာပဲ။ ဆုတောင်းတွေမပြည့်တတ်တဲ့အကြောင်းကိုတော့ ခဏခေါက်ထားလိုက်ပေါ့။

ရှောင်းကျန့်လူမှန်းသိတတ်စတုန်းက အဖေ့ရဲ့ခါးကြားမှာ သေနတ်တစ်လက်ကိုတွေ့ပြီး အထိတ်တလန့်ဖြစ်သွားဖူးခဲ့သေးတယ်လို့ အမေကတော့ ကြုံရင်ကြုံသလိုပြောပြတတ်တယ်။ အဖေနဲ့အမေကတကယ်ချစ်တတ်ကြတာ။ ဒါပေမယ့် ပိုချစ်တတ်တဲ့သူကိုပြပါဆိုရင် ရှောင်းကျန့်ကတော့ အမေ့ကိုပဲလက်ညှိုးထိုးပြမှာ။ ရှောင်းကျန့်ရဲ့ငယ်ဘဝမှတ်ဉာဏ်ထဲမှာ ယောက်ျားကိုစိတ်ပူပြီး ဘုရားကျောင်းအမြဲသွားတတ်တဲ့အမေ့ရဲ့ပုံရိပ်တွေက ပြည့်နေတတ်တာကိုး။ အခုလိုသာ အဖေ့ထက်အမေ အကြွေစောခဲ့ရင် ‘အမေ့အတွက်အမေသာဆုတောင်းပါဗျာ’လို့ ရှောင်းကျန့်ပြောခဲ့မိမှာ။

ဆုတောင်းတွေမပြည့်တတ်ပေမယ့် အမေ့ရဲ့ချစ်ခြင်းပါတဲ့ဆုတောင်းတွေကတော့ပြည့်တဲ့ပုံပဲ။ အမေဆုံးပါးပြီး နှစ်နှစ်ကြာတဲ့အထိ အဖေကဘေးမသီရန်မခနဲ့ ကျန်းကျန်းမာမာရှိနေဆဲ။ ဒါပေမယ့် အဖေ့ကိုမြင်ရတာရှောင်းကျန့်သနားတယ်။ နှစ်ပတ်လည်နေ့တွေမှာဆို အလုပ်တွေအကုန်ဖျက်ပြီး အမေ့ဓာတ်ပုံဘေး စကားတတွတ်တွတ်ပြောနေတတ်တဲ့အဖေ့ရဲ့ပုံစံက အထီးကျန်လွန်းပြီး သိပ်ကိုသနားဖို့ကောင်းတယ်။

အဲ့ဒါတွေကြောင့်လားတော့မသိဘူး။ ရှောင်းကျန့်ကအမြဲပဲ စိတ်အတွင်းမှာရေရွတ်နေတတ်တယ်။ မချစ်တတ်ချင်ဘူး၊ ချစ်ရတဲ့သူမလိုချင်ဘူးဆိုပြီး ... ။ သေကွဲကွဲရမယ့်အချစ်တွေကိုကြောက်သလို အမေ့ရဲ့ဓာတ်ပုံကိုကြည့်ပြီး အမြဲငိုကြွေးနေတတ်တဲ့အဖေ့လိုလူမျိုးဖြစ်မှာလည်း ကြောက်ပါတယ်။

အဖေ့ရဲ့အလုပ်က ရှောင်းကျန့်နားလည်သလောက်ပြောပြရမယ်ဆိုရင် ဂျပန်အခြေစိုက်ယာကူဇာဂိုဏ်းရဲ့ တာဝန်အရှိဆုံးလူတစ်ယောက်။ ဒါ့ကြောင့်လည်း အမေအမြဲစိတ်ပူနေတာမမှားပါဘူး။ အပစ်အခတ်တွေအမြဲလုပ်ရတဲ့အလုပ်လို့အဖေက‌တော့ ပြောဖူးတယ်။ ‌ဂိုဏ်းအတွင်းကလုပ်ငန်းတွေက မှောင်ခိုလုပ်ငန်းတွေရှိသလို တရားဝင်လုပ်‌ငန်းတွေလည်းရှိတယ်။ ဂိုဏ်းရဲ့အယောင်ပြလုပ်ငန်းတွေက ဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်ပြီး ကျန်တဲ့နောက်ကွယ်လုပ်ငန်းတွေက ဘိန်းမှောင်ခို၊ ‌ကျောက်မျက်ရတနာမှောင်ခိုနဲ့ တခြားသောမှောင်ခိုလုပ်ငန်းတွေ။

M A Z EWhere stories live. Discover now