“ ရပြီ။ ဒီမှာပဲချပေး ”
လမ်းထိပ်နားတစ်နေရာကိုညွှန်ပြတော့ ရှောင်းကျန့်က လက်မခံချင်ပုံနဲ့ သူ့ကိုလှည့်ကြည့်လာတယ်။ ဒီလူက ပိုင်စိုးပိုင်နင်းလုပ်လွန်းတယ်။ အရာရာ သူ့သဘောအတိုင်း ရိပေါ်ကဘာလို့လုပ်ရမှာလဲ။
“ အိမ်ရှေ့ထိလိုက်ပို့ပေးမယ် ”
“ မလိုဘူးလို့။ ခင်ဗျားက ပြောရဆိုရအရမ်းခက်တယ် ”
ရိပေါ်ရဲ့ညည်းညည်းညူညူအပြောမှာ ရှောင်းကျန့်က ကားကိုလမ်းဘေးထိုးရပ်လိုက်တယ်။ တံခါးဖွင့်ပြီးဆင်းဖို့လုပ်ပေမယ့် door lockမဖွင့်ပေးသေးတာမို့ ရိပေါ်ကဆင်းလို့မရသေးပြန်ဘူး။ တံခါးကိုလက်နဲ့ထုတာတောင် ဘာမှမမှုတဲ့အထာနဲ့ ရှောင်းကျန့်က သူ့ကိုခပ်ပေါ့ပေါ့လေးကြည့်နေတုန်းပဲ။
“ ဖွင့်ပေး ”
ရိပေါ်ကစကားတွေအများကြီးမပြောချင်ဘူး။ ဒါပေမယ့် ရှောင်းကျန့်ကသူ့ကို စကားများများပြောရအောင်လုပ်နေတယ်။ ဒါကစိတ်ရှုပ်ဖို့လည်းကောင်းတယ်။ စိတ်တိုဖို့လည်းကောင်းတယ်။ ပြီးတော့ ဘာလို့မှန်းမသိဘူး။ ရှောင်းကျန့် သူ့အနားမှာရှိနေရင် ပုံမှန်အချိန်တွေထက် ပိုပြီးစိတ်တိုနေမိတယ်။
“ အိမ်ရှေ့ထိဘာလို့ပို့ပေးလို့မရတာလဲ။ မင်းဆိုးတဲ့အကြောင်းတွေကို မင်းမိဘတွေကိုငါတိုင်လိုက်မှာ စိတ်ပူနေလို့လား ”
“ အရေးကိုမပါတာ။ အဲ့လောက်လေးကို ကျွန်တော်က ခေါင်းထဲထည့်မယ်များထင်နေလား ”
“ ဒါဆို ဘာလို့လဲ ”
“ ဘာလို့လဲဆိုတာ ကျွန်တော်က ဖြေပေးစရာမလိုဘူးထင်တယ် ”
အကြည့်ချင်းက ဆုံသွားပြန်တယ်။ ဒီတစ်ခါတော့ အကြာကြီးပဲ။ ဘယ်သူ့ဖက်ကမှ စပြီးအလျှော့ပေးမယ့်ပုံမပေါ်ဘူး။ ရိပေါ်ကမျက်မှောင်လေးကြုံ့ပြီး ရန်မူလိုတဲ့အကြည့်မျိုးနဲ့။ ရှောင်းကျန့်ကတော့ ခပ်အေးအေးနဲ့ တည်ငြိမ်တဲ့အကြည့်မျိုး။ မီးနဲ့ရေလို ဓာတ်သဘောမတူတဲ့နှစ်ခု သွားပြီးဆုံသွားသလိုမျိုးပေါ့။ ကားထဲကအငွေ့အသက်ကတော့ လိုတာထက်ပို တိတ်ဆိတ်နေတယ်။
YOU ARE READING
M A Z E
FanfictionYou're my MAZE ! I can't escape from you. 『 From 26.7.2020 To 7.11.2020 』