14 (unicode)

7.6K 1K 45
                                    

“ ထိုင်ခုံခါးပတ်ပတ်ဦးလေ ”

ရိုးရှင်းသောစကားလေးပင်ဖြစ်သော်ငြားလည်း အဲ့ဒီစကားစုလေးမှာ ရှောင်းကျန့်တို့ကသဘောကျရပြန်ကော။ မောင်းသူနေရာဝင်ထိုင်နေတဲ့ကောင်လေးက နေ့ခင်းကလက်သီးနဲ့ထိုးသွားတဲ့ကောင်လေးနဲ့မတူစွာပဲ သူ့ကိုစိုးရိမ်ပူပန်ပေးနေတယ်။ အိမ်ထိတောင်လိုက်ဦးမတဲ့။ ဒီကောင်လေးက ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်သလဲ။

“ အခုမှခေါင်းကပိုမူးလာသလိုပဲ။ ခါးပတ်မပတ်နိုင်ဘူး။ အပန်းမကြီးရင်ကူညီပေးပါလား ” 

ဝမ်ရိပေါ်ကမယုံသင်္ကာဟန်လေးနဲ့ ရှောင်းကျန့်ကိုစွေပြီးကြည့်လာတယ်။ တမင်မူပိုပြီးပြောတဲ့စကားဆိုတာ သေချာသိနိုင်လောက်ပေမယ့်လည်း ဝမ်ရိပေါ်ကငြင်းဆန်စကားမဆိုလာပဲ သူ့ရှေ့ကိုတိုးကပ်လာတယ်။ ဝင်သက်ထွက်သက်နီးကပ်နေတဲ့အနေအထားမှာ ရှောင်းကျန့်သေချာကြည့်လိုက်မိတာတစ်ခုပဲရှိတယ်။ သွေးစို့နေတဲ့ဝမ်ရိပေါ်ရဲ့အောက်နှုတ်ခမ်း။

အရိုက်ခံလိုက်ရတဲ့ခေါင်းကဒဏ်ရာထက် ထိုနှုတ်ခမ်းရဲ့စွဲအားကြောင့်ဖြစ်သွားရတဲ့ ရင်ခုန်လှိုက်မောတဲ့ခံစားချက်က ရှောင်းကျန့်ကိုပိုပိုသာသာနှိပ်စက်တယ်။

“ ခင်ဗျားမျက်လုံးမှာသာလေဆာပါရင် ကျွန်တော့်တစ်ကိုယ်လုံးလည်း အခေါင်းပေါက်တွေနဲ့ဖြစ်နေလောက်ပြီ ”

သိမ်မွေ့မနူးညံ့‌သောမျက်စောင်းတစ်စုံပစ်ခွင်းရင်း ထိုစကားကိုဝမ်ရိပေါ်ကဆိုလာတော့ ရှောင်းကျန့်ပြုံးရုံပဲတတ်နိုင်တော့တယ်။ ထိုင်ခုံခါးပတ်ကိုအာရုံစိုက်ပြီးတပ်ပေးနေတဲ့ရိပေါ်ရဲ့ဝင်သက်ထွက်သက် အသက်ရှူငွေ့နွေးနွေးက ရှောင်းကျန့်လည်တိုင်ကိုရိုက်ခတ်လာပြန်တယ်။ ဒီလောက်အန္တရာယ်များတဲ့အခြေအနေကိုကြုံတွေ့ရမယ်မှန်းသာသိရင် ဒီကောင်လေးကို ခါးပတ်ပတ်ပေးဖို့ပြောလိုက်မိမယ်မထင်ဘူး။ အခုတော့ ရှောင်းကျန့်အခြေအနေမှာ မလူးသာမလွန့်သာ။

စိတ်ပူနေတဲ့အခြေအနေကို သူ့စိတ်ဆန္ဒအလျောက်ပြုမူလိုက်မိပြီးမှ ဒေါသထွက်ရမယ့်အခြေအနေကို မကူးပြောင်းလို။ သူ့ဆန္ဒအတိုင်းသာဆို ဝမ်ရိပေါ်ကို ထပ်ပြီးနမ်းချင်မိပါတယ်။

M A Z EWhere stories live. Discover now