13 (unicode)

7.1K 978 40
                                    

ပြေးထွက်လာမိတဲ့နောက် လှေကားဆီရောက်တော့ တစ်ကိုယ်လုံးအသက်ရှူမဝသလိုခံစားချက်ကြီးကြောင့် လက်ရန်းတန်းကိုအားပြုကိုင်လိုက်ရတယ်။ အခုထိ နှုတ်ခမ်းဖျားက ပူနွေးထူပူနေဆဲ။ ရှောင်းကျန့်နှုတ်ခမ်းရဲ့အထိအတွေ့ကို မေ့ပစ်လိုက်ချင်ပေမယ့်လည်း မလိုတဲ့နေရာကျ မှတ်ဉာဏ်က ကောင်းလွန်းနေတယ်။

နှုတ်ခမ်းတင်မကပဲ လျှာဖျားကပါ ဆွဲငင်ရစ်ပတ်ခံခဲ့ရတာ။ အခုလို ထုံကျင်နေတဲ့ခံစားချက်ကြီးက ရိပေါ်ကိုခပ်ကြိတ်ကြိတ်လှောင်ရယ်နေသလိုပဲ။ တစ်ခါမှအနမ်းမရဖူးတဲ့သူက အခုမှပထမဆုံးအနမ်းရဖူးသလိုမျိုး ဒီခံစားချက်ကြီးက ရိပေါ်အတွက် ထူးဆန်းလွန်းနေတယ်။

~ Ting Tong Ting Tong ~

~ Beep * Beep * ~

ကျောင်းဘဲလ်မြည်သံထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပဲ ဘောင်းဘီအိတ်ကပ်ထဲကဖုန်းက vibrationထမြည်တယ်။ မထူးဆန်းတဲ့အသံတွေဖြစ်သော်ငြားလဲ မလုံမလဲစိတ်ကြီးကြောင့် ရိပေါ်ကအထိတ်တလန့်ဖြစ်သွားရတယ်။ အနမ်းအတွေ့အကြုံမရှိတဲ့လူလိုမျိုးဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လည်း ခပ်တိုးတိုးကျိန်ဆဲမိပါသေးတယ်။

ဖုန်းကိုဖွင့်ကြည့်လိုက်တော့ အသစ်စက်စက်ရည်းစားမမည်တဲ့ကောင်မလေးဆီက။ သူ့အကောင့်ကိုလာfollowပြီး ထမင်းစားပြီးပြီလားဆိုတာကို စာပို့လာတာဖြစ်တယ်။ ရိပေါ်ကလှေကားနားမှာ ခြေစုံရပ်နေဆဲကနေပဲ ထိုကောင်မလေးဆီ စာတချို့ရိုက်ပို့ဖြစ်တယ်။

- စိတ်မပါတော့လို့ ငါတို့မတွဲကြရအောင်။ နမ်းမိတာအတွက်လည်း ငါတောင်းပန်ပါတယ် -

sentဖြစ်သွားတဲ့စာကိုကြည့်ပြီးတဲ့နောက် ရိပေါ်က ထိုအကောင့်ကိုပါ blockပစ်လိုက်တယ်။ ကစားသလိုဖြစ်သွားတယ်ဆိုတာသိပေမယ့် စိတ်ရှုပ်တာတွေတော့ ထပ်မခံစားနိုင်တော့ဘူး။

အဲ့ဒီကောင်မလေးလာဖွင့်ပြောတော့ ရိပေါ်ကချက်ချင်းပဲ ငြင်းပစ်လိုက်မလို့။ ဒါပေမယ့် အဲ့ဒီလိုအငြင်းစကားထွက်မယ့်အချိန်မှာ လှေကားကနေဆင်းလာတဲ့ရှောင်းကျန့်ကိုတွေ့လိုက်ရတော့ ရိပေါ်ကစိတ်ပြောင်းသွားပြီး ကောင်မလေးကို နမ်းပစ်လိုက်တာဖြစ်တယ်။ ‘ခင်ဗျားမထိတထိနဲ့လာကစားနေတဲ့သူက မိန်းကလေးတွေပဲစိတ်ဝင်စားတာ’ဆိုပြီး ရှောင်းကျန့်ကိုတိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ပြောပြချင်ခဲ့တာ။ အဲ့ဒီလိုနမ်းပြီးတော့လည်း ရှောင်းကျန့်ရှေ့မှာ ဆောင့်ကြွားကြွားကလုပ်လိုက်သေးတယ်။

M A Z EWhere stories live. Discover now