12 (unicode)

7.7K 1K 138
                                    

ရှောင်းကျန့်ရဲ့နောက်ကျောကိုကြည့်ရင်း လျှောက်ရင်းနဲ့ပဲ ရိပေါ်က ကျောင်းခေါင်မိုးထပ်ကိုရောက်လာတယ်။ ရန်ဖြစ်ဖို့ပဲအမြဲလာတတ်တဲ့ခေါင်မိုးထပ်ဆီ အခုလိုဆရာတစ်‌ယောက်နဲ့အတူလာရတော့ ခံစားချက်က တမျိုးလေးပဲ။ အဲ့ဒီတမျိုးလေးက ဘယ်လိုတမျိုးလေးလဲဆိုတာကိုတော့ ရိပေါ်ကအဖြေမရှာတတ်ဘူး။

" ရော့ ... "

ဆရာရှောင်းက ဆေးလိပ်ဘူးကိုကမ်းပေးလာတယ်။ စတွေ့တုန်းက Ryuအိတ်ကပ်ထဲကဆေးလိပ်ဘူးကိုသိမ်းတဲ့ဆရာက အခုလိုဆေးလိပ်သောက်တတ်နေလိမ့်မယ်လို့ ရိပေါ်ကမထင်ထားမိဘူး။ ဆေးလိပ်ဘူးထဲက ဆေးလိပ်တစ်လိပ်ကိုလှမ်းယူပြီးတာနဲ့ ဘောင်ပေါ်ကိုလက်တင်ပစ်လိုက်တယ်။ တိုက်ခတ်နေတဲ့လေတွေက ရိပေါ်ဆံပင်တွေကိုသာမက ရှောင်းကျန့်ရဲ့ဆံပင်တွေကိုပါ ပုံပျက်သွားစေတယ်။

ကောင်းကင်ကိုငေးနေရင်းကနေ ဘေးကရှောင်းကျန့်ကိုလှည့်ကြည့်လိုက်တော့ ဆေးလိပ်ကိုနှုတ်ခမ်းကြားညှပ်ထားပြီး ညာဖက်လက်နဲ့မီးခြစ်ကိုခြစ်လို့ ဘယ်ဖက်လက်နဲ့လေကိုကွယ်ကာ ဆေးလိပ်မီးညှိဖို့ ကြိုးစားနေတာတွေ့လိုက်ရတယ်။

" ကျွန်တော်ကူညီရမလား "

" အင်း။ ကူညီပါဦး "

မီးခြစ်ကိုယူလို့ ရှောင်းကျန့်ရှေ့တည့်တည့်ပြင်ရပ်လိုက်တယ်။ ရှေ့ကိုတိုးလာတဲ့ရှောင်းကျန့်က မျက်နှာကို နည်းနည်းနှိမ့်ပေးတယ်။ နှုတ်ခမ်းကြားညှပ်ထားတဲ့ဆေးလိပ်ကို ညာဖက်လက်ရဲ့လက်ချောင်းတွေအသုံးပြုကာကိုင်ထားပြီး ရိပေါ်ခြစ်ပေးနေတဲ့မီးခြစ်ဆီ တိုးကပ်လာတယ်။

လေကပြင်းစွာတိုက်နေတာမို့ မီးညှိနိုင်ဖို့ကို အချိန်တစ်ခုထိယူလိုက်ရတယ်။ မီးညှိနေတုန်း သူ့မျက်နှာကိုကြည့်နေတဲ့ရှောင်းကျန့်ရဲ့အကြည့်တွေကိုတော့ ရိပေါ်ကလျစ်လျူရှုထားမိတယ်။ အကြည့်စူးစူးတွေက ဒီနေ့မှပိုပြီးစူးနေသယောင်မို့ ရိပေါ်ကထူးထူးဆန်းဆန်းကို နေရခက်လာတယ်။

" ရပြီ။ ကျေးဇူးပဲ "

မီးညှိပြီးသွားတဲ့ဆေးလိပ်ကို ခပ်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ရှောင်းကျန့်က သူ့လက်တံတောင်ကွေးကို‌ ဘောင်ပေါ်ကျကျနနတင်တယ်။ ရှပ်အဖြူလက်ရှည်တွေပဲအမြဲဝတ်လေ့ရှိတဲ့ရှောင်းကျန့်က အင်္ကျီလက်တွေကိုလည်း တံတောင်ဆစ်နားထိ ခေါက်ထားလေ့ရှိတယ်။ ဝရန်တာဘောင်အပြင် ကောင်းကင်ကိုနောက်ခံထားပြီး ပေါ့ပါးစွာဆေးလိပ်သောက်နေတဲ့ ရှောင်းကျန့်ရဲ့ပုံပန်းသဏ္ဍာန်က ဝန်မခံချင်ပေမယ့် သိပ်ကိုကြည့်လို့ကောင်းနေတယ်။

M A Z EWhere stories live. Discover now