[1] War Slave

46.2K 746 43
                                    

Scroll down ⬇️ Zawgyi version below .

#Unicode

[ Arc one ]

စည်သံတွေသည် တဖြည်းဖြည်းချဥ်းကပ်လို့လာလေပြီ ။ ဆောင်းလေပြေအေးက သယ်ဆောင်လာသော သွေးညှီနံ့များသည် ယမမင်း၏ ရှေ့ပြေးပေလော ...။

နန်းတော်ကြီးဆီသို့‌ ချီတက်လာ‌သည့် သိန်းသောင်းချီသော စစ်သည်တော်များ၏ခြေသံသည် သံချပ်ဝတ်များကြောင့် တဂျိမ်းဂျိမ်းမိုးကြိုးသံတွေလို ကြောက်မက်ဖွယ် ... ။Xavia ၏စစ်တပ်သည် Raven ပြည်ထောင်၏ နန်းတော်ထဲသို့ တံခါးမရှိဓားမရှိ လွယ်ကူစွာဝင်ရောက်နိုင်ခဲ့ပြီ ။

ထိုအဖြစ်အား နန်းဆောင်မှနေ၍ ရှေးရှုကာကြည့်နေသော မျက်ဝန်းညိုတစ်စုံတို့သည် တည်ငြိမ်လျက် ... ။ လူသူမရှိတိတ်ဆိတ်သော Raven နန်းတော်ကြီးတွင် သေးငယ်သော ပုံရိပ်ငယ်တစ်ခုသာ ကျန်ရစ်သည် ။

မတုန်မလှုပ်သော ဧကရာဇ်သည် ဤကျရှုံးမှုအား ကြိုတင်တွက်ဆထားခဲ့သည့်ပမာ အေးဆေးလွန်းခဲ့သည် ။Xavia ဘုရင်၏ အမြတ်ဒေါသတို့ကို တစ်ယောက်တည်း ခံယူမည့်အလား ...စေကျွန်တို့ကို လွတ်ရာလွတ်ကြောင်း ပြေးစေပြီး ၊ တစ်ယောက်တည်း စောင့်ဆိုင်း‌နေခဲ့၏ ။

" ငါ့ရဲ့မွေးဖွားလာမှုဟာ ဒီအချိန်အတွက်ပဲ "

လေးလံသော ပတ္တံမြားကွပ်သရဖူကြီးကို ခေါင်းပေါ်သို့ အသာတင်ဆောင်းလိုက်ပြီး တီးတိုးရေရွတ်လိုက်၏ ။ ရဲရင့်သောမျက်လုံးများနှင့် ကွဲပြားကာ သေးငယ်သောလက်လေးများသည် အေးစက်တုန်ယင်နေသည် ။ ‌နီးကပ်လာတာနဲ့အမျှကျယ်လောင်လာသော စစ်ပွဲခေါ်သံတို့သည် ငယ်ရွယ်သောရှင်ဘုရင်လေးအား ကြောက်ရွံ့စေတာက မထူးဆန်းပေ ။

" အရှင့်ရဲ့ မြင့်မြတ်တဲ့စတေးမှုကို ဘိုးဘွားတွေ ကောင်းချီးပေးမှာပါ "

ဧကရာဇ်၏နဘေး လွတ်ရာမပြေးပဲ တစ်ယောက်တည်းကျန်ရစ်နေပေးခဲ့သော Raven မင်းဆက်၏ သစ္စာရှိပရောဟိတ်ကြီးကဆိုလေသည် ။ ထိုစကားကို ဧကရာဇ်သည် ဖြေးညှင်းစွာခေါင်းညိတ်ထောက်ခံလိုက်၏ ။

" Raven ဧကရာဇ်က ကတိတည်သားပဲ . . . "

အေးစက်မာကျောသော အသံရှင်သည် နန်းဆောင်၏တံခါးဝသို့ ရောက်လာလေပြီ ။

Days of Counting Camellia (Hiatus)Where stories live. Discover now