Chapter 21

25.9K 3.6K 123
                                    

အဲ့ဒီချိန်မှာ ကျီးဟန် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး နားလည်သွားတယ်။ဒီဒဏ်ရာ ဘယ်က ရသလဲဆိုတာကိုပေါ့။

အခုလေးတင် သူ ဖတ်လာခဲ့တာပဲ။ဒါက ရီမင် ကလေးဘဝတုန်းက သူ့အဖေရင်းကိုယ်တိုင် ဖန်ကွဲစနဲ့ လည်ပင်းကို လှီးထားတဲ့ဒဏ်ရာ။
ဒါကြောင့်လည်း သူ့အမေက အဝေးဆုံးကို ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တာ။

ရီမင်က ဒီဒဏ်ရာကို ကျီးဟန်သတိထားမိလိမ့်မယ်လို့ ထင်မထားဘူး။သူ ခဏလောက် တိတ်ဆိတ်သွားတယ်။ပြီးတော့ ချစ်စရာကောင်းတဲ့ သွားစွယ်လေးတွေပေါ်အောင် ဟက်ဟက်ပက်ပက်ရယ်လေတယ်။
"ဒါ ဘာလဲ သိချင်တယ်ပေါ့...ကျွန်တော် ငယ်ငယ်က အရေးမပါတာ လုပ်ခဲ့မိတာပါ.. နဂါးပုံတက်တူးထိုးချင်လို့ဆိုပြီး ဘာမှမတွေးဘဲ ထိုးလိုက်မိတာ..နောက် သိပ်မကြာဘူး ကျွန်တော် မလိုချင်တော့တာနဲ့ ပြန်ဖျက်လိုက်တယ်..အဲ့ဒါကြောင့် ဒီလို အစင်းရာကြီး ကျန်နေခဲ့တာ..ဘယ်လိုလဲ? ..
မိုက်တယ် မဟုတ်လား?"

ရီမင် ပါးစပ်ထဲရှိတာ လျှောက်ပြောနေတယ်ဆိုတာ သူ သိပါတယ်။ဒါပေမယ့်လည်း သူ သိနေကြောင်းထုတ်မပြောတော့ပါဘူး။

အကြောင်းအရင်းမရှိပါဘဲ ဝမ်းနည်းသလို ကျီးဟန် ခံစားနေရတယ်။
သူ့ခေါင်းကို ငုံ့ပြီး ရီမင့်လည်ပင်းလေးကို ဖွဖွလေးနမ်းလိုက်တယ်။

ရီမင် သူ့ကို တွန်းထုတ်ပြီး ရှော့ခ်ရနေပုံနဲ့ကြည့်တယ်။
"ခင်ဗျား ရူးနေလား?"

ရီမင့်ရဲ့ ခုခံမှုကို လျစ်လျူရှုကာ ရီမင့်ကို ကောက်ပွေ့ပြီး ကားပါကင်ကို သွားလိုက်တယ်။
ကားတံခါးဖွင့်ကာ ရီမင့်ကို ထိုင်စေပြီးမှ မောင်းသူနေရာမှာ သူထိုင်ပြီး ဈေးကြီးပုံရတဲ့ စားသောက်ဆိုင်တစ်ခုကို ကိုယ်တိုင်ပဲ မောင်းသွားလေတယ်။

ကားသော့ကို စားသောက်ဆိုင်ဝန်ထမ်းကို ပေးခဲ့ပြီး ရီမင့်လက်ကိုကိုင်ကာ အထဲလျှောက်ဝင်လာခဲ့တယ်။

"ဒါက ဘာသဘောလဲ?..ညစာစားဖို့ ဘာကြောင့် အတင်းဆွဲခေါ်လာရတာလဲ?"
ရီမင် မျက်လုံးတွေမှေးကျဉ်းပြီး ခက်ထန်နေတဲ့လေသံနဲ့မေးလိုက်တယ်။

ကျီးဟန်ကတော့ ခပ်ပြုံးပြုံးပဲ။
"မင်း စားချင်တာဘာပဲဖြစ်ဖြစ်မှာလိုက်..ငါ အားလုံးလိုက်လျောပေးမယ်"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now