Chapter 78

16.9K 2.9K 137
                                    

ကုဖုန်းက ကားကို ယုပေါ်ယွင်ရဲ့ဆိုင်ကို တန်းတန်းမတ်မတ် မောင်းလာခဲ့တယ် ။

ဆိုင်ပိတ်ချိန်ရောက်ပြီမို့ ဆိုင်ထဲက ဧည့်သည်တွေလည်း ထပြန်ဖို့ပြင်နေကြပြီ ။

ဟိဟွေ့ ၊ ရှုကျဲ နဲ့ အခြားဝန်ထမ်းလေးတွေက ဆိုင်ကို တောက်ပြောင်နေအောင် သန့်ရှင်းရေးလုပ်နေကြတယ် ။
ဆိုင်ထဲမှာ နောက်ဆုံးကျန်တဲ့ လူငယ်တစ်စုက ဆိုင်ထဲကနေထွက်ပြီး လမ်းမပေါ်ကို ရောက်နေကြပြီ ။
သူတို့လေးတွေ ဘာပြောနေကြမှန်းမသိပေမယ့် ကြည့်ရတာတော့ အတော်လေး
ပျော်ရွှင်နေကြပုံပဲ ။

ယုပေါ်ယွင်က ကောင်တာနောက်မှာ ထိုင်ရင်း
သူတို့လေးတွေကို သဘောတကျကြည့်နေခဲ့တာ ။ သူ့အပြုံးလေးတွေက နေရောင်ခြည်လေးလို နွေးထွေးနေတာပဲ ။

ပြီးတော့ သူက ကွန်ပျူတာပြန်ကြည့်ပြီး အလုပ်ဆက်လုပ်နေတာပေါ့ ။
ဟိဟွေ့တို့တသိုက်လည်း သန့်ရှင်းရေးလုပ်ပြီးလို့ သူတို့ပစ္စည်းလေးတွေယူပြီး ပြန်ကြပြီ ။

ယုပေါ်ယွင်လေးတစ်ယောက်တည်းပဲ ကျန်ခဲ့တော့တယ် ။ အလုပ်ပြီးမှ ပြန်မယ့်ပုံပဲ ။

ကုဖုန်းက ယုပေါ်ယွင် ဆိုင်ရှေ့ရောက်နေပြီ ။
ဒါပေမယ့် စီးကရက်သောက်ချင်သေးတာကြောင့် ကားပေါ်ကဆင်းပြီး ကားဘေးမှာပဲ
အပြီးသတ်သောက်လိုက်တယ် ။
ကိုယ်ဝန်ဆောင်တွေက စီးကရက်နဲ့ မတည့်ဘူး ။ ဒါကြောင့် ယုပေါ်ယွင်နားမှာ သူ သောက်လို့မဖြစ်ဘူး ။ ပြီးတော့ သူ့ကိုယ်ပေါ်မှာ ဆေးလိပ်နံ့စွဲနေသေးလားဆိုပြီး
အနံ့ခံလိုက်တယ် ။ အနံ့လုံးဝမရှ်ိတော့တာ သေချာမှ လမ်းဖြတ်ကူးပြီး ဆိုင်တံခါးကို တွန်းဖွင့်လိုက်တယ် ။

"တောင်းပန်ပါတယ်..ဆိုင်ပိတ်သွား................"
ယုပေါ်ယွင်က ခေါင်းမော့ပြီး ပြောလိုက်ပေမယ့် စကားမဆုံးလိုက်ဘူး ။ ကုဖုန်းကိုမြင်တာနဲ့ သူ့မျက်ခုံးလေးတွေ တန်းကြုပ်သွားတော့တာပဲ ။

ကုဖုန်းက ကောင်တာကိုလျှောက်လာပြီး ခဏလေးငြိမ်နေပြီးမှ မေးတယ် ။
"ငါ့အတွက် ကော်ဖီတစ်ခွက်လောက် ဖျော်ပေးလို့ရမလား "

"မရဘူး "
ယုပေါ်ယွင်လေး ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်တာပေါ့ ။ ပြီး​တော့ မောက်စ်ကိုကိုင်ပြီး ကလစ်နှိပ်လိုက်တယ် ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now