Chapter 4

29.7K 3.9K 267
                                    

"F**k"
ရီမင် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး
မုဖင်ကို ဖက်လျက်နဲ့ပဲ ဘေးကို လှိမ့်ရှောင်လိုက်တယ်။

ကားကလည်း သူ့ကိုရှောင်ရင်း ဦးတည်ချက်ပြောင်းသွားတယ်။
အနည်းငယ်ပွတ်မိသွားပေမယ့် မရပ်ဘဲ မောင်းပြေးသွားခဲ့တယ်။

"ဖာ့ခ် ဘယ်လိုမောင်းရမယ်ဆိုတာတောင် မသိဘူးလား"

ရီမင် ဒေါသတကြီးအော်လိုက်ရင်း မုဖင်ကို စစ်ဆေးနေတယ်။မုဖင် အဆင်ပြေတာမြင်မှပဲ
စိတ်သက်သာရာရသွားတော့တယ်။

သူ နောက်တစ်ကြိမ် ထရပ်လိုက်ပြန်တယ်။ဒါပေမယ့် လက်မောင်းက စူးစူးရှရှကို နာလာတယ်။
လှိမ့်ချလိုက်တဲ့အရှိန်ကြောင့် တစ်ခုခုနဲ့ ခြစ်မိသွားပုံပဲ။
ဒဏ်ရာက သွေးတွေတောင်ထွက်နေပြီ။

"သခင်လေး ရီမင်.. အဆင်ပြေရဲ့လား"

ကျီးဟန်အိမ်က အိမ်တော်ထိန်းကြီး အပြေးလေးရောက်လာပြီး သူ့ကို လှည့်ပတ်စစ်ဆေးတယ်။လက်မောင်းက ဒဏ်ရာတစ်ခုသာ မြင်တော့မှ စိတ်သက်သာရာရသွားလေတယ်။

"နောက်ဆုံးတော့ သခင်လေးကို ရှာတွေ့ပြီ..ဒါက အရမ်းအန္တရာယ်များတာပဲ..သခင်လေးသေပြီထင်ပြီး လန့်သွားတာပဲ!"

"ကျွန်တော် အဆင်ပြေပါတယ်"
ရီမင့်အသံက တိမ်ဝင်သွားခဲ့တယ်။

"အန်ကယ်လီက ဘာလို့ ဒီရောက်လာတာလဲ"

"အန်ကယ်က သခင်လေးကို လိုက်ပို့ချင်လို့!
သခင်လေးနေတာ ငါးနှစ်တောင်ရှိပြီလေ..
ဘာတစ်ခွန်းမှမပြောဘဲ ဘယ်လိုတောင် ထွက်သွားနိုင်ရတာလဲ..အနည်းဆုံးတော့ နှုတ်ဆက်ခွင့်လေးပေးဦးမှ​ပေါ့ သခင်လေးရယ်"

"အဲ့လိုလုပ်ဖို့ မလိုပါဘူးဗျာ"
ရီမင်ပြုံးနေခဲ့ပေမယ့် ဒဏ်ရာက စူးအောင့်နေပြီး သူ့မျက်နှာက ဖြူဖျော့နေခဲ့ပြီ။
ဒါပေမယ့် သူ ထိန်းပြီး ဆက်ပြောတယ်။
"ကျွန်တော် နေစရာရှာဖို့ အလျင်လိုနေလို့ပါ..
ကျွန်တော် သွားတော့မယ်..ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"

"မသွားရဘူး..အခုပဲ အန်ကယ်နဲ့ ပြန်လိုက်ခဲ့!"
အန်ကယ်လီက စိတ်ဆိုးနေတဲ့မျက်နှာနဲ့ ပြောလေတယ်။
"သခင်လေးမှာ ဒဏ်ရာကြီးနဲ့..
မိသားစုဆရာဝန်နဲ့တွေ့ပြီး ဒဏ်ရာကို သန့်ရှင်းရေးလုပ် ပတ်တီးစီးရမယ်လေ...
စိတ်မပူပါနဲ့........
သခင်လေးကျီးဟန်ပြန်မရောက်သေးပါဘူး...
သခင်လေး အဆင်ပြေတာ သေချာပြီဆိုတာနဲ့ အန်ကယ်ကိုယ်တိုင် သခင်လေး သွားချင်တဲ့နေရာ လိုက်ပို့ပေးပါ့မယ်"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now