Chapter 50

27.2K 3.9K 216
                                    


ကျီးဟန်က အရာရှိ Blakely နဲ့ ရယ်ရယ်မောမောစကားတွေဆိုနေခဲ့တယ် ။

အခန်းထဲဝင်လာတဲ့ ရီမင့်ဦးလေးက ရောက်ရောက်ချင်း ကျီးဟန်နဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ပြီး
"ဟယ်လို စီအီးအို ဟန် "
ရီမင့်ဦးလေးက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်တယ် ။

ကျီးဟန်ပုံစံက ပေါ့ပေါ့ပါးပါးပဲ ။
ရှည်လျားလှတဲ့ခြေထောက်နှစ်ချောင်းကို အချင်းချင်းချိတ်ပြီးထိုင်နေတာ အတော်လေးကို စမတ်ကျတယ် ။
သူက အဲ့ဒီလူကို တစ်ချက်ကြည့်ပြီး လက်လည်းပြန်မကမ်း စကားလည်း တစ်လုံးတောင်မဟဘူး ။

ရီမင့်ဦးလေးခမျာ မဟာအရှက်တော်ကွဲလေတယ် ။
ရုတ်ခနဲ သူ့လက်ကို ပြန်သိမ်းပြီး ဟိုလိုလို ဒီလိုလိုနဲ့ အရှက်ပြေ နှာခေါင်းကို ပွတ်လိုက်တယ် ။

သူ စကားမစမှာတော့ ကိုယ်ပဲ စရမှာပေါ့ !

"အာမခံကြေးကိစ္စလေး........ "

"အော် အာမခံကြေးလား "
ကျီးဟန် သဘောတကျရယ်ပြီး
"ခင်ဗျားကို ၂၀၀,၀၀၀ ပေးမယ်..​အဲ့လောက် ဆို ရပြီလား? "

၂၀၀,၀၀၀ !

မှေးနေတဲ့ မျက်လုံးတွေတောင် ပြူးထွက်သွားတယ် ။
ရီမင့် ဦးလေးပြုံးလိုက်တယ် ။
"Wow, ဒေါ်လာ ၂၀၀,၀၀၀"

"မလောက်သေးဘူးလား?"
ကျီးဟန် နက်ခ်တိုင်ကိုလျော့ရင်း ပြုံးတယ် ။
"၃၀၀,၀၀၀?"

ရီမင့်ဦးလေးနဲ့ အန်တီက စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံကြတယ် ။

ချမ်းသာတဲ့လူတွေက အရူးတွေ !

သူတို့လည်း ဒီကိစ္စပြီးရင် အဲ့ဒီလူချမ်းသာတွေလို ရူးသွားတော့မယ့်ပုံပဲ ။

ရီမင့်ဦးလေးက သူတော်ကောင်းကြီးပမာ သက်ပြင်းချလေတယ် ။
"ကောင်းပြီလေ... ဒါကလူတိုင်းအတွက်တော့ မလွယ်ဘူးပေါ့ဗျာ..ကျွန်တော်လည်း တာဝန်သိတတ်တဲ့လူတစ်ယောက်ပါ စီအီးအိုရယ်..
ကျွန်တော် ခင်ဗျားနဲ့ နောက်ထပ် အတိုက်အခံမလုပ်တော့ပါဘူး..ဒေါ်လာ ငါးသန်းနဲ့ ဒီကိစ္စကို ဒီမှာပဲ ပြီးလိုက်ကြရအောင် !"

ရဲအရာရှိက ဝင်မပါဘဲ ကျီးဟန်ဘေးမှာ တည်တည်ငြိမ်ငြိမ်ထိုင်နေခဲ့တာ ။
ဒါပေမယ့် ဒီလူရဲ့စကားကြားတော့ မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ဘူး ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now