Chapter 89

15.4K 2.5K 46
                                    

နေမြင့်လာလေ ဆိုင်က လူစည်လာလေပဲ ။
ဟိဟွေ့လည်း သူ့ဘော့စ်နဲ့ စကားဆက်မပြောနိုင်တော့ဘူး ။ မီးဖိုဆောင် နဲ့ ဆိုင်ရှေ့ကို ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်များရပြီပေါ့ ။

ယုပေါ်ယွင် ကောင်တာနောက်မှာ ပြန်ထိုင်ပြီး ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ဆက်လုပ်နေတယ် ။ မနက်က နောက်ကျမှထတာတောင် လူက မလန်းဆန်းဘူး ။ ပင်ပန်းနွမ်းနယ်နေသလိုပဲ ။ သူ့နောက်ကျောတွေလည်း အောင့်နေတယ် ။ ဒါပေမယ့် သူ သည်းခံပြီး အလုပ်ဆက်လုပ်နေတယ် ။

အလုပ်ပြီးတော့မှ သူ့ကျောကို သူထုပြီး သက်ပြင်းချလိုက်တယ် ။
"မလွယ်ပါဘူး...စီးပွားရေးတစ်ခုလုပ်ရတာလည်း တကယ်လွယ်မနေဘူး "

"မြန်မြန်လေး နားပါတော့ ဘော့စ်ရယ်.."
ရှုကျဲကျဲက သူ့ဘော့စ်ကို သဘောတကျပြုံးကြည့်ကာ ဆ်ိုလေတယ် ။
"ကိုယ့်ဗိုက်ကိုယ်လည်း ပြန်ကြည့်ပါဦး ဘော့စ်ရယ်..မနေ့ကနဲ့ ဒီနေ့တောင်မတူတော့ဘူး..တစ်နေ့တခြား ပိုပူလာပြီ "

"ဘောလုံးကြီးတစ်လုံးလိုပဲ "
ယုပေါ်ယွင် မျက်မှောင်ကုတ်ပြီး သူ့ဗိုက်ကို ငုံ့ကြည့်လိုက်တယ် ။

"ဘော့စ်ရဲ့ဗိုက်ကြီး ကွဲသွားလိမ့်မယ်လို့ မတွေးမိဘူးလား "

"တွေးမိတာ အခါတစ်သိန်း !"

ရှုကျဲကျဲက သူ့ဘော့စ်ပေါက်စလေးကို စနောက်ပြီး စားဖိုဆောင်ကို သွားကာ ယုပေါ်ယွင်အတွက် နေ့လည်စာကို ယူလာပေးတယ် ။

"မြန်မြန်လေး စားတော့နော်... ကျွန်မ အရင်ထက် နှစ်ဆပိုထည့်လာတယ်..ကျွန်မတို့ဘော့စ်က သေးသေးလေးဖြစ်နေသေးတယ်..ဒါကြောင့် များများစားနော် "

ယုပေါ်ယွင် ခပ်တိုးတိုးလေး ရယ်လိုက်တယ် ။ သူ့ ဝန်ထမ်းမလေးတွေက တကယ်ချစ်ဖို့ကောင်းတာ ။ ပြီးတော့ စောဒကတက်မနေတော့ဘဲ တူကိုကိုင်ပြီး စားလိုက်တော့တယ် ။

သူ စားလို့ပြီးချိန်မှာ တံခါးဝက ခေါင်းလောင်းသံလေး မြည်လာပြန်တယ် ။

ဒီတစ်ခါက ကုဖုန်း ။ ကုဖုန်းက တံခါးကို တွန်းဖွင့်ပြီး ဆိုင်ထဲကို ဝင်လာတယ် ။ သူ့ဆံပင်နဲ့ ပခုံးပေါ်မှာ နှင်းပွင့်လေးတွေ ဖွေးဖွေးလှုပ်လို့ ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now