Chapter 112

14.3K 2.4K 166
                                    

ရက်အနည်းအကြာမှာ မန့်မန့်လုံရဲ့ အခြေအနေက အတော်လေးကောင်းမွန်လာတာကြောင့် အထူးကြပ်မတ်ကုသဆောင်မှ သာမာန်လူနာများထားရှိရာ အဆောင်သို့ ပြောင်းရွှေ့ခွင့်ရခဲ့တယ် ။

မန့်လုံမကြာခင် သတိရလာတော့မှာလို့ပဲ ပိုင်ရှီရှန်းက ကိုယ့်ကိုယ်ကိုယ်အားပေးရင်းနေခဲ့တာ ။
ဒါပေမယ့် သူ မမျှော်လင့်ထားတဲ့တစ်နေ့မှာ မန့်လုံက တကယ်ကို နိုးထလာခဲ့တယ် ။

လူနာခန်းထဲမှာ ညဘက်သန်းခေါင်ကြီး မျက်လုံးပွင့်လာတဲ့ မန့်လုံက သတိရရချင်းပဲ သူ အတွေ့ချင်ဆုံးလူကို မျက်လုံးဝေ့ပြီး လိုက်ရှာတော့တယ် ။ ထိုလူက သူ့ဘေးမှာ ခွေခွေလေးအိပ်လို့ ။

လည်ချောင်းတွေခြောက်ကပ်နေတာကြောင့် မန့်လုံ တံတွေးမြိုချလိုက်တယ် ။ သူ့ဗိုက်ပေါ်မှာ ခေါင်းလေးစောင်းပြီးအိပ်ပျော်နေတဲ့ ပိုင်ရှီရှန်းရဲ့ မျက်နှာလေးကိုကြည့်ပြီး စိတ်သောကလည်းရောက်မိတာပေါ့ ။ ဒါကြောင့်
သူ့လက်ကိုဆန့်ပြီး ပိုင်ရှီရှန်းရဲ့ခေါင်းကို ဖွဖွလေးမပွတ်ဘဲ မနေနိုင်တော့ဘူး ။

ဘယ်သူသိမှာလဲ အိပ်ပြီဆို ဆင်အော်ရင်တောင် မနိုးတတ်တဲ့
အိပ်ပုတ်​လေး ပိုင်ရှီရှန်းက ဒီ အထိအတွေ့လေးလောက်နဲ့ ဆတ်ခနဲ နိုးသွားလိမ့်မယ်လို့ ။

ပိုင်ရှီရှန်းက အိပ်ချင်စိတ်မပြယ့်တပြယ်နဲ့ နိုးထလာရတာ ။ သူ နိုးနိုးချင်းပဲ သူ့ယောက်ျားက သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတော့ ဒါ အိပ်မက်လားလို့တောင် ထင်လိုက်မိရဲ့ ။ ဒါပေမယ့် မန့်လုံမျက်လုံးတွေက ရဲရဲနီနေတယ် ။ ဒါ အိပ်မက်မဟုတ်ဘူး ။ ဒါ... ဒါ တကယ်ပဲ ။ ပိုင်ရှီရှန်း နှာခေါင်းထိပ်လေးတွေပါ ရဲလာခဲ့တယ် ။

လွန်ခဲ့တဲ့ သုံးနှစ်က သူတို့နှစ်ယောက် စတွေ့ခဲ့တာ ။ တွေ့တွေ့ချင်း တစ်ယောက်ကိုယ်တစ်ယောက်စိုက်ကြည့်နေမိပြီး ဘယ်သူမှ မျက်လုံးမလွှဲနိုင်ခဲ့ကြဘူး ။ သေချာတယ် သူတို့နှစ်ယောက်လုံးက မြင်မြင်ချင်းပဲ အချစ်ကြီး ချစ်မိခဲ့ကြတယ်ဆိုတာ ။

သာယာနေတဲ့ သူတို့ချစ်ခရီးလမ်းကို
သိပ်မကြာခင်မှာပဲ မန့်မိသားစုတွေက ဝင်ရောက်စွက်ဖွက်လာတော့တယ် ။ မန့်လုံက မန့်မိသားစုအကြီးအကဲရဲ့ စီမံမှုကြောင့် ကုရင်နဲ့ စေ့စပ်ကြောင်းလမ်းခဲ့ရတယ် ။ အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး သူတို့ ကတောက်ကဆတ်ဖြစ်ခဲ့ရတယ် ။ နေ့တိုင်းလိုလို စကားများခဲ့ရတယ် ။ စစ်အေးတိုက်ပွဲတွေ ဆင်နွှဲခဲ့ရတယ် ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now