Chapter 81

17.4K 2.8K 134
                                    

ကုဖုန်းအတွက်​ ဒီလိုမျိုးတွေလုပ်ရမှာ ခက်ခဲပေမယ့် မလုပ်လို့လဲ မဖြစ်ပြန်ဘူး ။
သူလည်း ကလေးလေးရဲ့ အဖေပဲလေ ။
သူ့မှာ တာဝန်အပြည့်ရှ်ိတယ် မဟုတ်လား ။

ကုဖုန်းက စာအုပ်စင်ရှေ့မှာရပ်ပြီး တွေးနေမိတာ ။ ပြီးမှ စာအုပ်စင်ပေါ်က
'Pregnent Women's Diet And Nutrition ' ဆိုတဲ့ စာအုပ်ကို လှမ်းယူလိုက်တယ် ။ ဒီစာအုပ်က ကိုယ်ဝန်ဆောင်လောကမှာတော့ အတော်လေးကို ပေါ်ပြူလာဖြစ်တယ် ။

သူက စာအုပ်ကိုဖွင့်ပြီး စဖတ်​တော့တယ် ။
ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တာကြောင့် သူ စာဖတ်တာ အရမ်းမြန်တာပဲ ။

အာရုံစူးစိုက်ပြီးဖတ်နေတာ စာအုပ်တောင်တစ်ဝက်ကျိုးသွားပြီ ။ သူ ခေါင်းမော့လိုက်တော့ ပြတင်းပေါက်အပြင်မှာ နှင်းဖွေးဖွေးတွေက သိပ်သည်းစွာ ကျလို့နေတယ် ။

မနက်ဖြန် ယုပေါ်ယွင်ကို ဆေးစစ်ဖို့ခေါ်သွားတဲ့အခါ အဲ့ဒီဗိုက်ကြီးသည်လေးကို အဝတ်ထူထူတွေ ဝတ်ခိုင်းဦးမှ !

ကုဖုန်း သတိတရတွေးမိသွားတာပေါ့ ။

ပြီးတော့ စာအုပ်ကို စာအုပ်စင်မှာ ပြန်ထားပြီး ကိုယ်လက်သန့်စင်ကာ အိပ်ရာပေါ်လှဲချပြီး မီးပိတ်လိုက်တယ် ။

အခန်းထဲမှာ အနွေးဓာတ်လုံလုံလောက်လောက်ရှိတာကြောင့် အေးစက်မနေဘူး ။
အိပ်ရာကလည်း ကြီးမားကျယ်ပြန့်တယ် ။
တစ်ယောက်တည်း လွတ်လွတ်လပ်လပ်အိပ်နိုင်တာထက်ကို ပိုသေးတယ် ။ ကုဖုန်းက အိပ်ရာပေါ် ပစ်လှဲလိုက်ပေမယ့် အိပ်လို့တော့မပျော်ဘူး ။

အိပ်ရာကြီးကလည်း အကျယ်ကြီးပဲ !

ဒီအိပ်ရာကြီးပေါ်မှာ သူတစ်ယောက်တည်းအိပ်ရတာ ဟာတာတာနဲ့ အထီးကျန်သလို ခံစားနေရတယ် ။

ကဲ အိပ်လို့မပျော်မှတော့ အိပ်မနေတော့ဘူးကွာ !

ကုဖုန်းက မျက်လုံးအကြောင်သားနဲ့ ဟိုတွေးဒီတွေး တွေးနေမိတော့တယ် ။

တကယ်တော့ ယုပေါ်ယွင်မှာ ကိုယ်ဝန်ရှ်ိနေတယ်လို့ သူသိလိုက်ချိန်တုန်းက သူ အတော်လေး ရှော့ရခဲ့တာ ။ ကြားခါစက သူ လုံးဝ မယုံခဲ့ဘူး ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒီလို ထူးဆန်းတဲ့ အလားတူဖြစ်ရပ်မျိုးတွေရှိတယ်ဆိုတာ ကျွမ်းကျင်ဆေးပညာရှင်တွေကိုယ်တိုင် ထုတ်ဖော်ပြောခဲ့ကြပြီးပြီ ။
အချိန်ပိုင်းလေးတစ်ခုအပြီး နောက်ဆုံးတော့ ဒီအကြောင်းတွေနဲ့ သူ ယဥ်ပါးလို့လာတယ် ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now