Chapter 99 + 100

17.3K 2.6K 187
                                    

ယုပေါ်ယွင် နိုးလာတော့ မနက် ဆယ်နာရီတောင် ရှိနေပြီ ။ အိပ်ရာထဲက ကုန်းရုန်းထပြီး
ပြတင်းပေါက်ကိုသွားကာ ကန့်လန့်ကာတွေကို မတင်လိုက်တယ် ။ ဆောင်းရာသီရဲ့မနက်ခင်း နေခြည်နွေးနွေးလေးက သူ့အိမ်ထဲကို တိုးဝင်လာခဲ့ပြီး တစ်အိမ်လုံးကို နွေးထွေးသွားစေတယ် ။

ပြတင်းပေါက်မှာရပ်ပြီး သူ စဥ်းစားခန်းဝင်မိတာပေါ့ ။ မနေ့ညက ဘာတွေဖြစ်သွားတာလဲ ဆိုတာ ။

ရှစ် ! (Shit)
သူ ရူးများရူးသွားတာလား !
ဘာလို့ မထိန်းနိုင် မသိမ်းနိုင်တွေဖြစ်ပြီး ဟိုလူ့ကို အများကြီးပြောမိသွားရတာလဲ ?!
ထားလိုက်တော့ !
သူ့နှလုံးသားထဲက ချဥ်တူးနေတဲ့စကားတွေ အားရအောင် ဖွင့်ထုတ်လိုက်တယ်လို့ပဲ သဘောထားရအောင် !

ညတုန်းက ဆိုင်မှာဖြစ်ခဲ့တာကိုပဲ ပြန်တွေးရမယ် ။ အဲ့ဒီလူရမ်းကားတစ်သိုက်က သောင်းကျန်းလို့ဝသွားပြီး ပြန်ထွက်သွားချိန်မှာ တစ်ခုခုကို သူ သတိထားမိလိုက်တယ် ။ ဒါက ကြိုတင်ကြံစည်ထားတာ ။ အဲ့ဒါကြောင့်လည်း သူ ပိုပြီး ဒေါသထွက်သွားမိတယ် ။

သူ့ကို ဒီလိုနည်းလမ်းနဲ့ ဒုက္ခပေးချင်တဲ့လူတွေရှိနေတယ် ။ အဲ့ဒီ မောက်မာရမ်းကားတဲ့လူတွေက သူ့ရဲ့မျှော်လင့်ချက်တွေ နဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုကို လွယ်လွယ်လေးဖျက်ဆီးပစ်နိုင်မယ်လို့ ထင်နေကြပုံပဲ ။
သူတို့အထင်လည်း မှန်သွားပါတယ် ။
သူ မထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး တော်တော်လေး ပေါက်ကွဲသွားရတာလေ ။

သူ အတော်မိုက်မဲတာပဲ !

ယူပေါ်ယွင် ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲကာ ဧည့်ခန်းထဲကို ထွက်လာခဲ့တယ် ။

ဖာ့ခ်!

သူ့အိမ်ရဲ့ ထမင်းစားပွဲမှာ လူတစ်ယောက်က မိန့်မိန့်ကြီး ထိုင်နေလေရဲ့ ။

ဒီလူ !
ဖာ့ခ် ဖာ့ခ် ဖာ့ခ်!

"ခင်ဗျား ဘာလို့ ဒီမှာ လာထိုင်နေတာလဲ "

သူ့အိမ်ကျနေတာပဲ !
ပိုင်စိုးပိုင်နင်းနဲ့ !

ကုဖုန်းက အသာအယာ လှည့်ကြည့်လေတယ် ။
"လာ... ငါ မနက်စာ ယူလာတယ် ..လာစားလိုက်ဦး "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now