Chapter 65

18.8K 2.9K 207
                                    

#ဖတ်နော် ကျော်မသွားကြနဲ့ လိမ်မာတယ် ဘေးဘေတို့...
-အပိုင်းဘယ်လောက်ရှိလဲ အမေးများနေလို့..
ဒါလေးက Extra အပါအဝင် အပိုင်း ၃၀၀ ကျော်ပါတယ်..ဒါပေမယ့် ကိုယ်က Extra ကို side story ဆိုပြီး သပ်သပ်ရေးထားတာရှိပါတယ်..အဲ့ဒီမှာကုဖုန်း နဲ့ ယုပေါ်ယွင်တို့ ပြန်ပြေလည်ပြီး လက်ထပ်ပြီးတဲ့အကြောင်းရယ်..ပိုင်ရှီရှန်း နဲ့ မန့်မန့်လုံတို့ စုံတွဲအကြောင်းရယ် ပါမှာပါ...
-နောက်တစ်ခုက Update... Daily update လို့ ​တောင်းဆိုနေကြတာလေး..
ကတိတော့မပေးနိုင်ပေမယ့် တစ်ရက်ခြားတစ်ခါ နှစ်ရက်ခြားတစ်ခါ အဆင်ပြေရင် ပြေသလို up ပေးပါ့မယ်..စိတ်မပူကြနဲ့နော်..
-ပြီးတော့ အပေါ်မှာလေ ICU နဲ့ IUC မှားရေးမိသွားတယ်လို့...ကွကိုလဲ သတိမထားမိဘူး..
ဒါဒါလေးတွေပြောမှ ပြန်ကြည့်မိတယ်..ပြန်မပြင်တော့ဘူး..အမှန်ပြင်ပြီး ဖတ်ပေးကြနော်..နောက်လည်း မှားနေတာတွေ့ရင် ပြောပြကြပါဦး..ဒီလပိုင်းတွေမှာ ကိုယ်က ခဏခဏ စိတ်လွတ်နေတာ..အမှားတွေထပ်ပါလာနိုင်တယ်...အဲ့ဒါမျိုးဆိုရင်လည်း ခွင့်လွှတ်ပေးကြပါဦးနော်...တောင်းပန်တယ် ကြိုတင်ပြီး 🤗🤗🤗 #

*****************************************

ယုပေါ်ယွင်လေး သရဲတွေ့လိုက်သလိုပဲ ။
သူ အတော်လေး လန့်သွားတာ ။
ဒါကြီးက မဖြစ်နိုင်ဘူးလေ ။

"ခင် ခင်ဗျား... ပေါက်ကရရှစ်ဆယ်တွေ လျှောက်ပြောနေတာ မဟုတ်လား "

"ငါ မင်းရဲ့ အခန်းဘေးမှာ နေမယ်လို့ "
ကုဖုန်းက မျက်မှောင်ကြုပ်ပြီး ထပ်ပြောလိုက်တယ် ။
"ရှေ့လျှောက် မင်းအပေါ် ငါ ကောင်းပေးမယ်လို့ ပြောခဲ့တယ်လေ..ငါ အကောင်းဆုံး ကြိုးစားမှာပါ "

"ဘေးခန်းမှာ နေမယ်ပေါ့...ခင်ဗျားကလေ..
တကယ်ရော နေနိုင်ပါ့မလား "

ကုဖုန်းက မျက်မှောင်ကြီးကြုပ်ထားပြီး ဘာမှတော့ မပြောဘူး ။ ဒါပေမယ့် ယုပေါ်ယွင်ရဲ့ တုန့်ပြန်မှုကြောင့် မပျော်မရွှင်ဖြစ်သွားတယ်ဆိုတာတော့ သိသာထင်ရှားစွာ ပေါ်လွင်နေတယ် ။

"ခင်ဗျား လာနောက်တာလား.."

ယုပေါ်ယွင်က မျက်မှောင်ကြုပ်ပြီး စားပွဲမှာ ပြန်ထိုင်ရင်း ဟော့ပေါ့အိုးအဖုံးကို ဖွင့်လိုက်တယ် ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now