Chapter 107

14K 2.4K 118
                                    

ကုဖုန်း ရှေ့ထွက်လာပြီး တစ်စုံတစ်ရာပြောလိုက်တယ် ။ နောက်ဆုံးတော့ အခန်းထဲက ရုန်းရင်းဆန်ခတ်မှုတွေ တဖြေးဖြေး တိတ်ကျသွားတာပေါ့ ။

ကုဖုန်း ဦးဆောင်ပြီး ခွဲစိတ်ခန်းရှေ့ကို အလျှိုလျို ရောက်လာကြတယ် ။ ကုဖုန်းက ခုံရှည်တစ်လုံးမှာ ဝင်ထိုင်တယ် ။ ယုပေါ်ယွင်ကိုဆွဲပြီး သူ့ဘေးမှာ ထိုင်ခိုင်းဖို့လည်း မမေ့ဘူး ။

ပိုင်ရှီရှန်းက မန့်လုံရဲ့ စာကိုကိုင်ပြီး သူ့မျက်နှာကို လက်နဲ့အုပ်ကာ ခပ်တိုးတိုးလေး ရှိုက်နေတုန်းပဲ ။ အုပ်ထားတဲ့ လက်သွယ်သွယ်လေးတွေကြားထဲကနေ ပူနွေးတဲ့မျက်ရည်တွေက တလိမ့်လိမ့် စီးကျလို့ ။

မန့်ဟီ ၊ လျိုဂျူအမ်း နဲ့ မန့်ဟွေ့တို့သားအမိသုံးယောက်က တခြားလူတွေကို မျက်စောင်းတခဲခဲဖြစ်နေပေမယ့် ကုဖုန်းရဲ့ အရှိန်အဝါအောက်မှာတော့ အမြှီးလေးတွေကုပ်နေတာပဲ ။ သုံးယောက်သား ခါးသီးစွာနဲ့ ငြိမ်ငြိမ်သက်သက်လေး ထိုင်နေရုံအပြင်မရှိဘူး ။
နှလုံးသားထဲမှာ စိုးရိမ်ပူပင်မှုတွေရှိနေပေမယ့် အထက်တန်းလွှာအသိုင်းအဝိုင်းဝင် ပီသစွာ မောက်မာဟန်ကတော့အပြည့် ။
မန့်လုံသေပြီလို့ လာပြောမယ့် ဆရာဝန်ရဲ့စကားကို နောက်ထပ် တစ်မိနစ်လေးတောင် ထပ်မစောင့်နိုင်တော့ဘူး ။ သူတို့ သားအမိတွေ သတင်းကောင်းလေး ကြားချင်လှပြီ ။

သူတို့ရဲ့ နောက်ဆုံးသော မျှော်လင့်ချက်ရေးရေးလေးက မန့်လုံသေတာနဲ့ အထမြောက်လာတော့မှာ ။ မန့်မိသားစုရဲ့ ပြောရေးဆိုခွင့်ရတဲ့အနေအထားကနေ လျောကျခဲ့ရတာ မန့်လုံကြောင့် ။ မန့်လုံသာသေရင် သူတို့က မန့်မိသားစုမှာ အရင်လိုပဲ အာဏာပြန်ရလာမယ် ။ သားအမိတွေက တူညီတဲ့အတွေးတွေနဲ့ စိတ်တွေလှုပ်ရှားလို့ ။ အချင်းချင်းတောင် ပြေးပြီး လက်ဆွဲနှုတ်ဆက်ချင်လှပြီ ။

ယုပေါ်ယွင်က ပိုင်ရှီရှန်းရဲ့ သိမ့်သိမ့်တုန်နေတဲ့ပခုံးလေးကိုဖက်လိုက်တယ် ။
"ဒေါက်တာ ရှန်း..ပျော်ပျော်နေပါ..မန့်ကောက ခင်ဗျားကို ထားခဲ့ဖို့ ဘယ်တုန်းကမှ ဆန္ဒမရှိပါဘူး..သူ ဒီတောင်ကို ကျော်နိုင်မှာပါ...ခင်ဗျားကို ချစ်တဲ့စိတ်နဲ့ သူရအောင် ကျော်လာပါလိမ့်မယ် "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now