Chapter 55

33.1K 3.9K 193
                                    

အထူးကုဆေးရုံက အထူးသီးသန့်ခန်းမှာ ဂရုတစိုက် ကုသမှုခံယူခဲ့ရတာကြောင့် ရက်အနည်းအတွင်း
ယုပေါ်ယွင် ( ရီမင် ) အခြေအနေက တော်တော်လေး တည်ငြိမ်သွားပြီဖြစ်တယ် ။

ဒေါက်တာက မျက်မှန်လေးပင့်ကာပင့်ကာနဲ့ လူနာမှတ်တမ်းကို စစ်ဆေးနေတယ် ။
"အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ..
သန္ဓေသားရဲ့ အနေအထားမှန်တယ်..
နှလုံးခုန်နှုန်းလည်း မှန်မှန်လေးနဲ့ တိုးတက်လာနေပြီ..ကလေးက ကံကောင်းပါတယ်..ဘာမှမဖြစ်ဘူး..
အခုလောလောဆယ် သေချာအောင်လို့ အထွေထွေစစ်ဆေးမှုလေးတော့ လုပ်ရမယ်နော် "

"ဒေါက်တာ အများကြီး ကြိုးစားပေးခဲ့ပါတယ်..ကျေးဇူးတင်ပါတယ်ဗျာ "
ကုဖုန်းက ဒေါက်တာ့ကို ခေါင်းညိတ်ပြရင်း လောကွတ်စကားဆိုလိုက်တယ် ။

တစ်ဖက်မှာတော့ ဂျယ်ရီ (ရှောင်ကျို) က ပိန်းဥလေး (မုဖင်) ကို ပွေ့ထားပြီး မှန်ပြတင်းပေါက်မှာ မှီပြီးရပ်နေတယ် ။ ပိန်းဥလေးက မှန်ပြတင်းကနေတဆင့် အခန်းထဲကလူရဲ့ အ​ခြေအနေကို ဂရုတစိုက်နဲ့ လေ့လာစူးစမ်းနေတယ် ။

အဆောင်ထဲကို ခွေးတွေ ကြောင်တွေ ဝင်ခွင့်မပြုဘူး ။ ဒီအကြောင်းကို ရှောင်ကျိုက ပိန်းဥလေးကို ရှင်းပြထားတယ် ။ ပြီးတော့ သူမလည်း သူမ  သခင်ရဲ့အခြေအနေသိရအောင် ​​နေ့တိုင်း ပြတင်းပေါက်လေးကနေတဆင့် လာပြပေးလေ့ရှိတယ် ။

ရှောင်ကျိုရဲ့လက်က အနည်းငယ် ညောင်းလာတာကြောင့် သူက သူမကို မေးလိုက်တယ် ။
"ရွှေမင်းသမီးလေးရေ ကြည့်လို့ဝပြီလားခင်ဗျာ "

အမွှေးထူထူနက်နက်လေးတွေနဲ့ ပိန်းဥလေးက ညောင်ခနဲ အသံတိုးတိုးလေးပေးပြီး ရှောင်ကျို့ ကုတ်အင်္ကျီထဲ ပြန်တိုးဝင်သွားတယ် ။

သူမသခင်ကို သူမ စိတ်ကြိုက် စစ်ဆေးပြီးပြီမို့ အခုက သူမ ဗိုက်ဖြည့်ရတော့မယ့်အချိန်ရောက်ပြီလေ ။

ကုဖုန်းက ရှောင်ကျိုကို ခေါင်းဆတ်ပြပြီး အခန်းထဲကို ဝင်သွားလေတယ် ။

အခန်းထဲမှာ ယုပေါ်ယွင်က ပျင်းပျင်းရိရိနဲ့ စာအုပ်တစ်အုပ်ကို စိတ်မပါလက်မပါ ဟိုလှန်ဒီလှန် လှန်နေတယ် ။ ကုဖုန်းဝင်လာတာမြင်ပေမယ့် မသိချင်ယောင်သာ ဆောင်နေလေတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now