Chapter 67

18.5K 2.7K 26
                                    

ယုပေါ်ယွင်ရဲ့ မစ်တီးဆိုင်လေးက မန့်မန့်လုံရဲ့ စီစဥ်ဆောင်ရွက်ပေးမှုကြောင့် ပြီးပြည့်စုံသလောက်ဖြစ်သွားပြီ ။ ကုန်ကျစရိတ်လည်းတော်တော်နည်းပြီး decoration ပိုင်းမှာလည်း အရမ်းကိုမြန်တယ် ။ ရက်ပေါင်း ၂၀ အတွင်းမှာ အားလုံး ပြီးစီးသွားခဲ့တာ ။

စရိတ်သက်သာပြီး မြန်မြန်ပြီးစီးသွားပေမယ့်
လျော့မတွက်ပါနဲ့ဦး ။ ဆိုင်လေးက မြင်သူတကာကို မျက်စိမလွှဲနိုင်အောင်
ဆွဲဆောင်နိုင်လွန်းလှတယ် ။

ဒါက ယုပေါ်ယွင်ကြောင့်လည်း ဖြစ်တယ် ။ သူ့ရဲ့ ချစ်စရာကောင်းတဲ့စတိုင် နဲ့ အဆင့်အတန်းမြင့်တဲ့ decoration တွေပေါင်းစပ်လိုက်တဲ့အခါ သူ့ဆိုင်လေးက လူတကာကို မျက်စိကျစေတယ် ။ ကြည့်လိုက်ရုံနဲ့ နွေးထွေးပြီး သက်သောင့်သက်သာရှိစေတယ် ။

သူ့ဆိုင်လေးက မစ်တီးဆိုတဲ့အတိုင်း နို့(milk)ကို အခြေခံတဲ့ အစားအသောက်တွေရောင်းမှာ ။ အချိန်ကလည်း ဆောင်းရာသီဖြစ်နေတာကြောင့် နို့နဲ့ဆက်စပ်ပစ္စည်းတွေက ခဲနေဦးမှာပဲ ။ ဒါကြောင့် သူက ဆိုင်ဖွင့်ဖို့ကို အလျင်မလိုသေးဘူး ။
ဝန်ထမ်းခန့်ဖို့ကို အရင်ဆုံးလုပ်မယ်လို့ဆုံးဖြတ်ပြီး သူရွေးထားတဲ့ ကလေးမလေးတွေကို အင်တာဗျူးလိုက်တယ် ။ နောက်ဆုံးတော့ လာလျှောက်သူတွေထဲက လေးယောက်ကို ရွေးချယ်ခန့်လိုက်ပြီး သူတို့လေးတွေကို ယူနီဖောင်းချုပ်ဖို့ ပြင်ဆင်ရင်း ဆိုင်ဖွင့်ဖို့ကို စောင့်ဆိုင်းနေလိုက်ကြတယ် ။

ဆိုင်မဖွင့်ခင် တစ်ရက်အလိုမှာတော့ ဆိုင်နာမည်ရေးထားတဲ့ ခန့်ညားထည်ဝါတဲ့ဆိုင်းဘုတ်ကို ဆိုင်ရှေ့မျက်နှာစာမှာ ချိတ်ဆွဲလိုက်လေတယ် ။

ဆိုင်နာမည်ကတော့ "Super Ingot"

(မြန်မာလိုပြန်ရင် တစ်မျိုးကြီးမို့ ဆိုင်နာမည်ကို English လိုပဲ ထားလိုက်မယ်နော် )

လုရန်ကတော့ ကျိန်းသေပေါက်ကို မကျေမချမ်းဖြစ်တာပေါ့ ။ မစ်တီးတစ်ခွက် ဆိုတဲ့နာမည်ကို အတင်းနဲ့ မရမကချိန်းခိုင်းနေတော့တာပဲ ။ ယုပေါ်ယွင်ကလည်း ပြတ်ပြတ်သားသားကို ငြင်းတယ် ။

ပြောင်းလဲဖို့ကြိုးစားသူက မိုက်မဲတဲ့သူပဲ ။
သူကတော့ မပြောင်းရေးချ မပြောင်းဘူး ။

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now