Chapter 12

25.6K 3.7K 296
                                    

ဗစ်ဟာလေက သံသယဝင်နေဟန်ဖြင့် ရီမင့်ကိုကြည့်ကာ ခပ်ဖျော့ဖျော့လေး ပြုံးနေခဲ့တယ်။

ကျီးဟန်က ရီမင့်ကို စွန့်ပစ်လိုက်တာ သူ မသိဘဲ ဘယ်နေလိမ့်မလဲ?..

သူ ရီမင့်ခေါင်းလေးကို အုပ်ကိုင်လိုက်ပြီး ဆိုလေတယ်။
"မင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကို အချိန်မရွေးဆက်သွယ်နိုင်တယ်"

ရီမင် ပြုံးလိုက်ပြီး သူ့ရဲ့လက်ကို ဖမ်းကိုင်လိုက်တယ်။
"ကျေးဇူးတင်ပါတယ် မစ်စတာ ဟာလေ..
ဒါပေမယ့် ကျွန်တော့် ခေါင်းကို မထိပါနဲ့..
ဒီဆံပင်ပုံစံရဖို့ တကူးတက ပုံသွင်းထားရတာမို့ပါ"

သူ့မှာ ဒီပုံစံရဖို့ ၂နာရီတောင် အချိန်ယူခဲ့ရတာ။
ဘယ်သူ့ကြောင့်နဲ့မှ သူ့ ဆံပင်ကေမပျက်ချင်ပါဘူး။

ပြီးတော့ ဒီပွဲကို လာကြသူမှန်သမျှက လူချမ်းသာတွေချည်းပဲ။
ဆင်းရဲသူဆိုလို့ သူတစ်ယောက်တည်းရှိတာလေ။
ဒါကြောင့် ကြည့်ကောင်းအောင်တော့ သူ ပြင်ဆင်လာခဲ့ရတာပေါ့။

ဗစ်ဟာလေ ကြောင်သွားပြီးမှ ထရယ်လေတော့တယ်။
"ဟား ဟား ဟား...​အေးပါကွာ..
မထိတော့ပါဘူး..ပွဲပြီးတဲ့အထိ မင်းရဲ့ခန့်ညားတဲ့ပုံရိပ် မပျက်စေရဘူး ...ဟုတ်ပြီလား "

"ပြီးရော"
ရီမင်ရဲ့ ခံစားချက်လေး နည်းနည်းတော့ ပိုကောင်းလာတယ်။
သူ့ကိုယ်သူလည်း ယုံကြည်ချက်လေး ပြန်ရှိလာတယ်ဆို ပိုမှန်မယ်။
"ငါ့နာမည်ရဲ့ အလယ်စာလုံးက ဘယ်လောက်ခန့်ညားတယ်ဆိုတာ မင်းသိသင့်တာပေါ့"

ရုတ်တရက် တံခါးဝမှာ ရုတ်ရုတ်သဲသဲဖြစ်သွားလေတယ်။
စီအီးအို ဟန်နဲ့ ဂျူလီယမ်က လက်ချင်းချိတ်လို့
ခန်းမထဲကို ဝင်လာတာကြောင့်ဖြစ်တယ်။

ကျီးဟန် ခန်းမထဲရောက်ရောက်ချင်းပဲ ခေါင်းတစ်ချက်စောင်းလိုက်ရုံနဲ့ ရီမင်ကို တန်းမြင်လေတယ်။

သူ့လက်ထောက်က စီအီးအိုဟာလေနဲ့ အပြုံးချင်းဖလှယ်ရင်း တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လို့ စကားလုံးနဲ့တောင်ဖော်ပြလို့မရနိုင်အောင် တရင်းတနှီးဖြစ်လို့နေတယ်။

ဂျူလီယမ်က ကျီးဟန်ဘေးမှာ ရပ်နေခဲ့တာကြောင့် ကျီးဟန်ရဲ့ ထူးခြားမှုကို မြင်လေတယ်။
ဒါကြောင့် ကျီးဟန်ကို သူ့ဘေးကို ပိုပြီးဆွဲကပ်လိုက်တယ်။
"ကျီးဟန်?"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ [Myanmar Translation]Where stories live. Discover now