Chapter 104

14.6K 2.5K 149
                                    

သားရဲ့အခန်းလေးကိုကြည့်ပြီး ယုပေါ်ယွင်လေး စိတ်ချမ်းမြေ့လို့ ။ အခန်းလေးက သူတွေးထားတာထက် အများကြီးကောင်းတယ် ။

'သားလေးမွေးလာရင်' ဆိုတဲ့ မျှော်လင့်ချက်လေးက ပိုတောင်အားကောင်းလာတာပေါ့ ။

မနေနိုင်တော့ဘူး !
သူ့ပေါက်စလေးကို အရမ်းမြင်ချင်နေပြီ !

ပြုံးပြုံး ပြုံးပြုံးနဲ့ အောက်ထပ်ဆင်းလာတော့ ဦးလေးလီက သဘာဝတိုင်းရင်းဆေးမြစ်တွေနဲ့ ကြက်နက်ကိုရောပြုတ်ထားတဲ့စွပ်ပြုတ် တစ်ပန်းကန်နဲ့ ကြိုနေတယ် ။ သူ့ကို စားစေချင်လို့ ဦးလေးလီက စေတနာဗရပွနဲ့ အားကြိုးမာန်တက် ချက်ပြုတ်ထားတာ ။
သူ ဘယ်ငြင်းရက်ပါ့မလဲ ။ ဒါကြောင့် ဦးလေးလီ စိတ်ကျေနပ်အောင် တစ်ပန်းကန်လုံးမော့သောက်ခဲ့တာပေါ့ ။
(ကြက်နက် = အနက်ရောင်ကြက်ပါ..တရုတ်တွေက ဆေးအနေနဲ့ ပြုတ်သောက်တာ..ကိုယ်တော့မကြိုက်ဘူး..ခါးသက်သက်မို့)

ပြီးတော့ ဦးလေးလီကို နှုတ်ဆက်ပြီး နှစ်ယောက်သား လက်ရှိနေထိုင်ရာ တိုက်ခန်းကို ပြန်လာခဲ့ကြတယ် ။
ကားလေးက ပုံမှန်အရှိန်နဲ့ပဲ ။

ကုဖုန်းက လေသံတိုးတိုးလေးနဲ့ ညင်ညင်သာသာလေးမေးလိုက်တယ် ။
"အခန်းလေးကို စိတ်တိုင်းကျရဲ့လား "

ယုပေါ်ယွင်က ကားမှန်ကိုချပြီး  အပြင်ကိုကြည့်နေရင်းက ပြန်ဖြေတယ် ။
"ခင်ဗျားက အရမ်းကို ဂရုတစိုက်နဲ့ လုပ်ထားတာပဲ "

"သူက ငါတို့ရဲ့ သွေးကနေ ဖြစ်တည်လာတာပဲလေ "
ကုဖုန်းက ရှေ့တည့်တည့်ကို အကြည့်လွှဲရင်း
ပြောတယ် ။ သူက လေသံကို ညင်ညင်သာသာလေး မပြောဘဲကို မနေနိုင်ဘူး ။ သူ့လေသံမာမာကြီးကြောင့် ယုပေါ်ယွင်လေး ထိခိုက်သွားရမှာမျိုး သူထပ်ပြီး မလိုချင်တော့ဘူးလေ ။
"သားလေးက မင်္ဂလာအပေါင်းခညောင်းပြီး ကံကောင်းမှုသရဖူဆောင်းတဲ့ မင်းသားလေးတစ်ပါးလို မွေးဖွားလာဖို့ ငါ မျှော်လင့်မိတယ် "

ယုပေါ်ယွင်ကလည်း သူ့ဗိုက်လေးကို ထိကိုင်ပြီး အားကျမခံ ပြောတာပေါ့ ။
"သားလေး လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရမယ် ...သားလေးအတွက် အကောင်းဆုံးတွေပဲ ပေးနိုင်ရမယ် "

Big Bossရဲ႕ ကိုယ္ဝန္လြယ္ထားရၿပီ [Myanmar Translation]Where stories live. Discover now